A d v e r t i s e m e n t With Us

ချင်းတောင်တွင် မိုးသည်းထန်မှုကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်

မေလ ၂၁ ရက်နေ့မနက်မှာ ချင်းတောင်ဒေသ မိုးအဆက်မပြတ်ရွာသွန်းပြီး ကားလမ်းနေရာအချို့ မြေပြိုကျမှုကြောင့် ကလေးမြို့မှ ဟားခါး- ဖလမ်း- တီတိန် ယာဉ်လိုင်းတွေ သွားလို့မရ ဖြစ်နေပါတယ်။ “မနက်က စောစောတက်သွားတဲ့ ကား ၂ စီးတော့ မိုးသိပ်မကျသေးတော့ တက်သွားတယ်။ ကျန်တဲ့ကားတွေကတော့ သိုင်းငင်းရွာနားက လမ်းပြိုနေလို့ ရပ်နေကြရတယ်။ ချင်းပြည်နယ် ဆောက်လုပ်ရေးက လမ်းတွေကို ချက်ချင်း စက်ကြီးတွေနဲ့ ပြင်နေတယ်။ မနိုင်သေးဘူး။ တချို့ကားတွေကတော့ သိုင်းငင်းမှာ ညအိပ်စောင့်ကြမှာ။ ကျနော်တို့ကတော့ ကလေးကိုလှည့်ပြီး ပြန်ဆင်းလာတယ်” လို့ တောင်ဇလပ်ကားအသင်းက ယာဉ်မောင်း ကိုဘွိုင်းသဲက ပြောပါတယ်။ မုန်တိုင်းကြောင့် ချင်းပြည်နယ် ဖလမ်းမြို့မှာ နေ့လယ် ၁ နာရီလောက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာတချို့ ပြိုကျခဲ့ပြီး လူထိခိုက်ခြင်း မရှိကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟိန်ဇိန်ရွာနားမှာ မြေပြိုမှုတွေ ဖြစ်ပေါ်နေပြီး သိုင်းငင်းနားမှာတော့ အခြေအနေဆိုးကြောင်း၊ တောင်ပေါ်ကနေ ကလေးမြို့ကို ဆင်းလာတလျှောက် ကားတွေ ဟိန်ဇိန်ရွာနားမှာ တန်းစီးရပ်နေကြတယ်လို့ ဆိုင်ကယ်နဲ့ တီးတိန်ကနေ ကလေးကိုပြန်လာတဲ့ ကိုခွေါလ်ကိုက ပြောပါတယ်။ တောင်းပေါ်လိုင်း ယာဉ်တွေကို မိုးလေဝသနဲ့ လမ်းအခြေအနေအရ စောင့်ကြည့်ပြီး ကန့်သတ်ချက်မရှိ အသွားအလာ ခေတ္တရပ်နားမယ်လို့ သိရပါတယ်။ သတင်းနှင့် ဓာတ်ပုံ - မင်းရဲစစ်နိုင်  

A d v e r t i s e m e n t With Us

More News
Up