မိုးရွာသွန်းမှုကြောင့် ဂန့်ဂေါ-မုံရွာ ကားလမ်းပျက်စီး၊ ကားအစီး ၄၀ ခန့် ပိတ်မိ
DVB
·
May 21, 2016
မေ ၂၀ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ဂန့်ဂေါ-မုံရွာသွား ကားလမ်းတွေပျက်စီးနေပြီး ကားတွေလမ်းပေါ်မှာ ပိတ်မိနေပါတယ်။
၅၂ မိုင်ထိ ကားတွေတဘက်နဲ့တဘက် မဆုံကြသေးသလို ဖုန်းအဆက်အသွယ်တွေလည်း ပြတ်နေပြီး ပုံတောင် ပုံညာတ၀ိုက်မှာ လမ်းတွေ ပျက်နေတာ ဖြစ်နိုင်တယ်လို့ ကလေး-မန္တလေး ကျော်ဇေယျာကားအသင်းက မောင်နိုးက ပြောပါတယ်။
ကားလမ်းတွေပျက်စီး၊ ကားတွေပိတ်မိနေတာ ရေမျက်နီနဲ့ ဂန့်ဂေါအကြားက ညောင်လည်ခေါင်းတုံ တံတားကွင်းလမ်းမှာဖြစ်ပြီ အစီးရေ ၄၀ လောက် နှစ်ဖက် ထိပ်တိုက် ပိတ်ဆို့မိနေတာလို့ ဆိုပါတယ်။
လမ်းပိတ်ဆို့မှုတွေကို ဂန့်ဂေါရဲတပ်ဖွဲ့ ယာဉ်ထိန်းတွေနဲ့အတူ သက်ဆိုင်ရာကနေပြီး ချက်ချင်း လမ်းပိုင်းပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပိတ်မိကားတွေကို ထွက်ခွာနိုင်ရေး ဆောင်ရွက်နေပါတယ်။
လတ်တလောမှာတော့ အဝေးပြေးကားခရီးစဉ်တွေ ခေတ္တ ရပ်နားထားပြီး မုံရွာ-ကလေးဝ ယာကြီးလမ်း အခြေအနေလည်း ဆိုးဝါးနေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်