Home
မြန်မာသတင်း
မွန်းလွဲ၂ နာရီခွဲ ရခိုင်မြောက်ပိုင်း မုန်တိုင်းအခြေအနေ၊ ဆေးရုံတက် လူနာများပြောင်းရွှေ့
DVB
·
May 21, 2016
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေရဲ့ မုန်းတိုင်းအခြေနေနဲ့ပတ်သက်ပြီး မွန်းလွဲ ၂ နာရီခွဲမှာ ဒီဗွီဘီသတင်းထောက် အောင်ကိုကိုက တိုက်ရိုက်ပေးပို့ထားပါတယ်။ မောင်တောမြို့နယ် “မိုးရွာနေပြီး လေပြင်းတိုက် ရံခါတိုက်နေပါတယ်။ မောင်တောမြို့မှာတော့ ဆေးရုံတက်လူနာတွေကို ၂၁ ရက်နေ့ မနက်ပိုင်းမှာ နှစ်ထပ်စာသင်ဆောင်သစ်ကို ပြောင်းရွှေ့ထားလိုက်ပါတယ်။ မြန်မာဘင်္ဂလားဒေ့ရှ် ဝင်ထွက်ပေါက်တွေကိုလည်း နှစ်ဖက်စလုံးက ပိတ်ထားလိုက်ပါတယ်။ ပေါက်တောမြို့နယ် “ဒီရေတက်လာတဲ့အတွက် ပေါက်တောမြို့နယ် ချောင်းသာကြီးကျေးရွာက လူဦးရေ ၈၀ လောက် မေလ ၂၁ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ ပေါက်တောမြို့ပေါ်ကို တိမ်းရှောင် ရောက်ရှိလာကြပါတယ်။ အရှေ့ဖရုံကာမှာ ကျွန်းရှိတဲ့ ကျေးရွာတစ်ချို့မှာလည်း နီးစပ်ရာတောင်ပေါ်နေရာတွေကို တိမ်းရှောင်နေပြီဖြစ်ပါတယ်။” ဘူးသီးတောင်မြို့နယ် “ဘူးသီးတောင်မှာတော့ သစ်ပင်တချို့ လဲပြို ကိုင်းပြတ်ကျတာရှိခဲ့ပြီး ဆေးရုံက အရေးကြီးလူနာတွေကို ၂၀ ရက်နေ့ ညနေပိုင်းကတည်းက နေရာပြောင်းထားပြီး ဖြစ်ပါတယ်။ စစ်တွေနှင့်ကျောက်ဖြူမြို့နယ် “စစ်တွေမှာလည်း မိုးရွာနေပြီးလေပြင်း တိုက်ခတ်နေပါတယ်။ ကျောက်ဖြူမြို့မှာတော့ ငါးဖမ်းစက်လှေ တစ်ရာကျော်ဟာ ငလပွေ့ချောင်းထဲမှာ မုန်တိုင်းခိုဖို့ ရပ်နားထားပါတယ်။ ရေကြောင်းသွားလာရေး ရပ်ဆိုင်းထားပါတယ်။” သတင်းဓာတ်ပုံ - အောင်ကိုကို    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024