Home
မြန်မာသတင်း
ဌာနဆိုင်ရာ သုံးစွဲသည့်ဘက်ဂျက် အများပြည်သူသိရန် ကြေညာမည်
DVB
·
May 21, 2016
အစိုးရ ဌာနဆိုင်ရာတွေအလိုက် သုံးစွဲတဲ့ဘက်ဂျက်နဲ့ အသုံးပြုတဲ့ ပစ္စည်းအရည်အသွေး စံချိန်စံညွှန်းတွေကို အများပြည်သူသိဖို့ ကြော်ငြာဘုတ်တွေထောင်ပြီး ရှင်းလင်းသွားမယ်လို့ ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီးက ပြောပါတယ်။ မေလ ၂၀ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ  သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ဌာနဆိုင်ရာ ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ခွင့်ပြုလုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ လျာထားငွေ၊ အသုံးပြု ပစ္စည်းနဲ့ အရည်အသွေး စံချိန်စံညွှန်းတွေကို အများပြည်သူကို ချပြဖို့ စီစဉ်ထားခြင်းရှိမရှိ သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနဲ့စီမံကိန်းဝန်ကြီး ဦးသန်းမြင့်က အစိုးရဌာန တွေရဲ့ ဘက်ဂျက်သုံးစွဲမှုပုံစံတွေနဲ့ သုံးစွဲတဲ့ပစ္စည်းတွေကို ပြည်သူတွေသိဖို့  ချပြသွားမယ့်အကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ “ဥပမာ လမ်းဆိုပါစို့။ အဲ့ဒီလမ်းတွေထိပ်မှာ ဆိုင်းဘုတ်တပ်ဆင်ပြီးတော့ လမ်းရဲ့ အရှည်၊ လမ်းရဲ့အကျယ်အ၀န်း၊ ထုထည်၊ လမ်းရဲ့အရည်အသွေး အာမခံမှုနဲ့ ၄င်းတို့ရဲ့ ကုန်ကျစရိတ်များကို ဆိုင်းဘုတ်ကြီး စိုက်ထူပြီးတော့ အများပြည်သူသိရှိအောင် ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ဌာနမှာ တာဝန်ယူ ဆောင်ရွက်တဲ့သူများဖြစ်ပါက သက်ဆိုင် ရာမြို့နယ်များမှာ ကြေညာဘုတ်ထဲမှာ လမ်းရဲ့အဆောက်အဦသည် အရည်အသွေး၊ စံချိန်စံညွှန်းနဲ့ လုပ်ငန်းတန်ဖိုးများကိုလည်း ကြေညာပေးသွားမှာ ဖြစ်ပါကြောင်းကို ကျနော် ရှင်းလင်းဖြေကြားအပ်ပါတယ်။” ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေရဲ့ နောက်ဆက်တွဲမှာလည်း နိုင်ငံတော် အဖွဲ့အ စည်းတွေက ဆောင်ရွက်တဲ့ လုပ်ငန်းစီမံချက်တွေရဲ့  ငွေစာရင်းတွေကို အများပြည်သူ သိရှိအောင် ဖော်ပြပေးရမယ်ဆိုတဲ့ အချက်ကလည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။ ဌာနက ဆောင်ရွက်တဲ့ လမ်း၊ တံတား၊ အဆောက်အအုံတွေအပြင် တင်ဒါစနစ်နဲ့ ဆောင် ရွက်တဲ့ လုပ်ငန်းတွေမှာလည်း ပွင့်လင်းမြင်သာစွာ ဖော်ဆောင်သွားမယ်လို့ ဘဏ္ဍာရေး နှင့် စီမံကိန်းဝန်ကြီးက ထည့်သွင်း ပြောကြားသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024