Home
မြန်မာသတင်း
အစိုး​ရတပ်ကဖမ်း​သွား​သည့်​ ကရင်ရွာသား​ ၂ ဦး​၏ အ​လောင်း​များ​ ​တွေ့​ရှိ
DVB
·
September 2, 2011
တနင်္သာရီတိုင်း​ ပု​လောမြို့​နယ်မှာ အစိုး​ရစစ်တပ်က ဖမ်း​ဆီး​သွား​တဲ့​ ကရင်ရွာသား​ ၂ ဦး​ရဲ့​ အ​လောင်း​တွေကို ရွာပြင်မှာ ပြန်​တွေ့​ရတယ်လို့​ ​ဒေသခံက ​ပြောပါတယ်။ ပု​လောမြို့​နယ်က ဇာဒီဝင်း​ရွာသား​ ​စော​ကော်လယ်နဲ့​ ​စေကျား​ခဲတို့​ကို အမှတ် ၅၅၅ ​ခြေမြန်တပ်ရင်း​က စစ်သား​တွေက အရင်လ ၂၁ ရက်မှာ ဖမ်း​သွား​ပြီး​နောက် ကျည်ဆံဒဏ်ရာ​တွေနဲ့​ အ​လောင်း​ပြန်​တွေ့​ရတာလို့​ ရွာသား​တွေက ​ပြောပါတယ်။ ဒီလူရွယ်နှစ်ဦး​ဟာ ဆက်သွယ်​ရေး​စကား​ပြောစက်နဲ့​ကစား​နေတာကို စစ်တပ်က သိသွား​ပြီး​ ​တော်လှန်​ရေး​အဖွဲ့​အစည်း​တွေနဲ့​ ဆက်စပ်တယ်ဆိုတဲ့​ သံသယနဲ့​ ဖမ်း​သွား​တာလို့​လည်း​ သိရပါတယ်။ အစိုး​ရတပ်ဟာ ရွာသား​တွေကို ​ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​) နဲ့​ ပတ်သက်တယ်လို့​ စွပ်စွဲပြီး​ နှိပ်စက်သတ်ဖြတ်မှု​တွေ နှစ်​ပေါင်း​များ​စွာအတွင်း​ အကြိမ်ကြိမ် ဖြစ်ပွား​ဖူး​တယ်လို့​ ​ကေအန်ယူ မြိတ်-ထား​ဝယ်ခရိုင် စည်း​ရုံး​ရေး​နှင့်​ ပြန်ကြား​ရေး​ တာဝန်ခံ နန့်​ဆန်း​ဒေး​ထူး​က ​ပြောပါတယ်။ “အဲဒီ​ဒေသမှာ ဘယ်ရွာသား​ပဲဖြစ်ဖြစ် သူတို့​ မယုံသင်္ကာဖြစ်ရင် သတ်ပစ်တာရှိခဲ့​ဖူး​တယ်။ အရင်တုန်း​က အလား​တူဖြစ်ရပ်မျိုး​တွေ လူသိရှင်ကြား​ ​ပေါ်တာရှိသလို လူမသိဘဲ ​ပျောက်သွား​တာမျိုး​လည်း​ ရှိတယ်။” ဇာဒီဝင်း​ရွာသား​ ၂ ဦး​ကို ဖမ်း​သွား​ခဲ့​တဲ့​ ခမရ ၅၅၅ နဲ့​ ​ကေအန်ယူ လက်​အောက်ခံ ကရင်အမျိုး​သား​လွတ်​မြောက်​ရေး​တပ်မ​တော် တပ်ရင်း​ ၇ တို့​ တိုက်ပွဲဖြစ်တယ်လို့​လည်း​ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024