မောင်တောမြို့ လက်ရှိအခြေအနေ မေးမြန်းချက် (မြန်မာစံတော်ချိန် ၁၁ နာရီ မိနစ်၄၀)
DVB
·
May 21, 2016
ရွန်နူဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တော့မယ်လို့ မိုးဇလက ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး ကုန်သည်တဦးဖြစ်တဲ့ ဦးလှမြင့်ကို ဒီဗွီဘီသတင်းထောက် ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
“မိုးတဖွဲဖွဲနဲ့ လေကတော့ နည်းနည်းတိုက်နေတာပေါ့။ လေပြင်း မဟုတ်ပါဘူး။ တနာရီ ၃၅ နဲ့ ၄၀မိုင်လောက်ပဲ ရှိမယ်ထင်ပါတယ်။ အစိုးရဘက်ကတော့ သတိပေးချက်တွေ ကားနဲ့ လိုက်အော်နေတာပေါ့။ သိပ်တော့ ဆိုးမယ် မထင်ပါဘူး၊ အရင် ဂီရိတို့ဘာတို့တုန်းကလည်းဖြတ်တာပဲ၊ ဒီဘက်မှာ အဲ့ဒီလောက် မခံစားရဘူး၊ ၁၉၉၄မှာ တကြိမ် အပြင်းအထန်ခံစားဘူးတယ်၊ နောက်ပိုင်း သိပ်ပြီး ပြင်းပြင်းထန်ထန်နဲ့ အန္တရာယ်များမယ့် မုန်တိုင်းမျိုး သိပ်မတွေ့ဘူးဘူး။ အခုလည်း ကျနော်တို့က သိပ်ပြီး စိုးရိမ်တကြီး မဖြစ်ပါဘူး၊ အမြဲတမ်း ဒီရာသီရောက်ရင် ဒီဟာတွေက ဖြစ်နေကျပဲ။”