စစ်တွေမြို့ လက်ရှိအခြေအနေ မေးမြန်းချက် (မြန်မာစံတော်ချိန် ၁၁ နာရီ မိနစ်၄၀)
DVB
·
May 21, 2016
ရွန်နူဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တော့မယ်လို့ မိုးဇလက ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို မြန်မာစံတော်ချန် ၁၁ နာရီ မိနစ် ၄၀ မှာ ဒီဗွီဘီ သတင်းထောက် ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
“စစ်တွေမှာကတော့ မနက် ၄ နာရီလောက်ကစပြီးတော့ မိုးနဲ့လေနဲ့ ရွာနေတိုက်နေတာတော့ တလျှောက်လုံးပဲဗျ။ အခုအချိန်ထိပဲ လေနဲ့ မိုးနဲ့ မိုးရွာလိုက် လေတိုက်လိုက်ပေါ့။ မြို့ထဲမှာ နည်းနည်းပါးပါးတော့ သွားကြလာကြတယ်ဗျ။ လူတွေကတော့ အိမ်ထဲကအိမ်ပြင် မထွက်ကြတာ များတာပေါ့၊။ ပြိုကျပျက်စီးတာတော့ သိပ်မရှိပါဘူး။ အပင်တွေ အခက်တွေပဲ လမ်းတွေပေါ်မှာ နည်းနည်း ပြန့်ကျဲနေတာ တွေ့ခဲ့တယ်ဗျ။ ပြည်နယ်ထဲက မြို့နယ်တွေမှာတော့ မုန်တိုင်းဝင်မယ့်အကြောင်း အသံချဲ့စက်တွေနဲ့ ကြော်ငြာထားတယ်။”