A d v e r t i s e m e n t With Us

ဆိုင်ကလုန်းမုန်တိုင်း အနီရောင်အဆင့်ရောက်ပြီ၊ ရခိုင်ကမ်ရိုးတန်း ၀င်တော့မည်

ရွန်နူဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ပြီးဖြစ်ကြောင်း၊ မကြာမီအချိန်အတွင်း ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက်တော့မယ်လို့ မိုးဇလက ပြောပါတယ်။ ရွန်နူ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့မနက်ကစလို့ ၁၂ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပြီး ကမ်းရိုးတန်းဖြတ်သန်းနိုင်တဲ့ အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဖြတ်သန်းဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။ “အနီရောင်အဆင့်ကို သတ်မျတ်တာကတော့ မုန်တိုင်းဟာ နောက် ၁၂ နာရီအတွင်း  မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အဓိကကတော့ ရခိုင်ကမ်းရိုးတန်းပါပဲ၊ ကမ်းရိုးတန်းတွေအကုန်လုံးနဲ့တော့ ဆိုင်တာပေါ့နော်၊” ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ကုန်တွင်းမုန်တိုင်းအဖြစ် ၀င်ရောက်ပြီး မိုးကြီးရေကြီးပြီး မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်၊ လေတိုက်နှုန်းအနေနဲ့ မိုင် ၅၀ ကနေ ၆၀ ထိ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။ တခါ မုန်တိုင်းက ပဲ့ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တောနဲ့ မောင်တောမြို့မှာတော့ ဒီနေ့မနက် ၆ နာရီခန့်ကစ လေပြင်းတိုက်ခတ်ပြီး မိုးရွာနေပါတယ်။ တစ်နာရီ မိုင် ၄၀ လောက် ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်အဝင်အထွက်တွေကို ဒီနေ့မနက်ပိုင်းမှာ နှစ်နိုင်ငံစလုံးက ပိတ်ထားလိုက်ပါတယ်။ ဓာတ်ပုံ - နိုင်နိုင်  

A d v e r t i s e m e n t With Us

More News
Up