A d v e r t i s e m e n t With Us

၂၀၃၀ တွင် တနိုင်ငံလုံး လျှပ်စစ်မီးရရေး ဆောင်ရွက်နေဟု ၀န်ကြီးပြော

၂၀၃၀ မှာ မြန်မာတနိုင်ငံလုံး လျှပ်စစ်ဓာတ်အားအပြည့်အဝ ရရှိရေး စီမံကိန်းတွေ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဖေဇင်ထွန်းက ပြည်ထောင်စုလွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။ မေ ၂၀ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုးက သာစည်မြို့နယ်အတွင်းရှိ 11KV လိုင်းက ၂ မိုင်ပတ်လည်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေကို လျှပ်စစ်ဓာတ်အား ဆက်သွယ်တပ်ဆင်ဆောင်ရွက်ပေးရေးနဲ့ ပတ်သက်ပြီး မေးမြန်းတာကို ဖြေကြားခဲ့တာပါ။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းက မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀.၈၉ သန်းလောက် ရှိတဲ့အထဲက ဓာတ်အားစနစ်နဲ့ လျှပ်စစ်ဓာတ်အား ရရှိတဲ့ အိမ်ထောင်စုပေါင်း ၃.၆၅ သန်းသာရှိတဲ့အတွက် လျှပ်စစ်ရရှိတဲ့ အရေအတွက်ဟာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၃၄ ရာခိုင်နှုန်းသာ ရရှိနေတယ်လို့ ဆိုပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ဒေသအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ နဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up