A d v e r t i s e m e n t With Us

ဒီမောဆိုတွင် ကြက်ခြံများက ယင်ကောင်းများကြောင့် ဒေသခံများ စိုးရိမ်

ကယားပြည်နယ်၊ ဒီမော့ဆိုးမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ လီဝိုးကျေးရွာမှာ မွေးမြူရေးကြက်ခြံတွေကြောင့် ယင်ကောင်တွေ အဆမတန်များလာတယ်လို့ ကျန်းမာရေးထိခိုက်မှာကို ဒေသခံတွေ  စိုးရိမ်နေကြပါတယ်။ “ကျနော့်တသက်၊ မိဘတွေတသက် ဒီလောက်များတာ မကြုံဖူးဘူး” လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦီးခွန်ကယန်း က ပြောပါတယ်။ ကြက်ခြံလုပ်ကိုင်သူတွေက ယင်သတ်ဆေး စတာတွေ သုံးပေမယ့် မထူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အနံ့နဲ့ ယင်ကောင်တွေက အဆိုးဆုံးပဲ။ အစားအစာတွေကို ခြင်ထောင်ထဲ ဝင်စားနေရတယ်။ အနီးက တချို့အိမ်တွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ကြတယ်” လို့ ဦးဂျိုဝါးနီက ပြောပါတယ်။ ဒီခြံတွေဟာ မွေးမြူရေးကုမ္ပဏီနဲ့ ဒေသခံတွေ ဖက်စပ်လုပ်ကိုင်တာဖြစ်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ယင်ကောင်တွေကတော့ များနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ ခြံတွေဟာ ရွာထဲမှာ ရှိနေပြီး အရင်က ဒီလိုမွေးမြူရေးကို မကြုံဖူးတဲ့အတွက် နောက်ဆက်တွဲပြဿနာတွေကို မသိခဲ့ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လာမယ့် အပတ်ထဲမှာတော့ ပြေလည်အောင်ဖြေရှင်းမယ်လို့ဆိုတဲ့အကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လီဝိုးရွာမှာ အိမ်ခြေ ၃၀၀ ရှိပြီး ကြက်ခြံသုံးခြံက ကြက်ကောင်ရေ ၆၀၀၀ မွေးမြူနေတာပါ။ ဓာတ်ပုံ-မောင်ဟူး  

A d v e r t i s e m e n t With Us

More News
Up