A d v e r t i s e m e n t With Us

ဝန်ထုပ်ဝန်ပိုးများကို သမိုင်းထဲ ထားခဲ့ပြီး ပြည်သူ့အကျိုးပူးပေါင်းလုပ်ရန် ထိုင်ဝမ်သမ္မတသစ်ပြော

ထိုင်ဝမ်ရဲ့ သမ္မတသစ်က ၀န်ထုပ်ဝန်ပိုးတွေကို သမိုင်းထဲမှာ ပစ်ချထားလိုက်ပြီး ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရာထူးလက်ခံတဲ့ မိန့်ခွန်းမှာ တရုတ်ပြည်မကြီးအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်ဝမ်အစိုးရသစ်အနေနဲ့ ထိုင်ဝမ်-တရုတ် ဆက်ဆံရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း၊ ထိုင်ဝမ်နယ်မြေနဲ့ ပြည်မကြီးတို့ကြား  အုပ်ချုပ်မှု ဆက်ဆံရေး အက်ဥပဒေ အတိုင်း၊ တခြား သက်ဆိုင်ရာ ဥပဒေတွေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက အာဏာရပါတီတွေအနေနဲ့ သမိုင်းဝန်ထုပ်ဝန်ပိုးတွေကို သမိုင်းထဲမှာထားပြီး အပြုသဘောညှိနှိုင်းမှုတွေ၊ နှစ်ဖက်ပြည်သူတွေ အကျိုးရှိစေမယ့် ကိစ္စတွေအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ဆိုပါတယ်။ သမ္မတသစ် Tsai Ing-wen ရဲ့ ဒီမိုကရက်တစ်တိုးတက်သောပါတီ (ဒီပီပီ) ဟာ ဇန်န၀ါရီလ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပြီး တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ကောင်းတဲ့ အမျိုးသားဝါဒီ သမ္မတ မာယင်ကျောက် ခေတ်ကို အဆုံးသတ်ဖို့ ဖြစ်လာပါတယ်။ အမျိုးသမီးသမ္မတသစ်က တရုတ်သမ္မတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ့်အကြောင်း ကတိပြုသလို၊ ထိုင်ဝမ်ရဲ့အချုပ်အခြာ အာဏာပိုင်မှုကိုလည်း ထိန်းသိမ်းသွားမယ်လို့ သန္နိဋ္ဌာန်ပြုပါတယ်။ အရှေ့တရုတ်ပင်လယ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ ပြောကြားရမှာတော့ အငြင်းပွားစရာကိစ္စတွေကို ဘေးဖယ်ထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်ဝမ်ဘက်က လိုလားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီပီပီပါတီဟာ အစဉ်အလာအရ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးကနေ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် ထူထောင်ဖို့ လိုလားတဲ့ ပါတီဖြစ်လို့ တရုတ်ပြည်မကြီး အစိုးရဘက်ကတော့ ဒီပီပီပါတီကို မယုံကြည်ပါဘူး။ ဒီပီပီပါတီက တင်တဲ့ သမ္မတဟာ ထိုင်ဝမ်ရဲ့ ၁၄ ဦးမြောက် သမ္မတဖြစ်ပြီး ပထမဆုံး အမျိုးသမီးသမ္မတလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up