မန်ယူနှင့် ပဲ့လေစ်တို့၏ အက်ဖ်အေဖလားဖြတ်သန်းမှု သွင်းဂိုးမှတ်တမ်း (ရုပ်သံဟိုက်လိုက်)

2.1K
မေ ၂၁ ရက်မှာတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ဖလား ဗိုလ်လုပွဲအဖြစ် ပရီးမီးယား လိဂ်က မန်ချက်စတာ ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ ကစားမှာ ဖြစ်ပါတယ်။
အသင်း ၂ သင်းရဲ့ ဒီနှစ် အက်ဖ်အေဖလားပြိုင်ပွဲ ဖြတ်သန်းမှုကို ကြည့်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ အတွက် ဒီနှစ်ပြိုင်ပွဲမှာ တတိယအဆင့်ကနေ စတင် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မန်ယူကတော့ ရှက်ဖီးယူနိုက်တက်၊ ဒါဘီ၊ ရှရှုးဘူရီတောင်းတို့ကို အနိုင်ရရှိခဲ့သလို ဆဋ္ဌမ အဆင့်မှာ ၀က်စ်ဟမ်း ဆီမီးဖိုင်နယ်မှာတော့ အဲဗာတန်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာပါတယ်။
ပဲလေ့စ်ကတော့ ဆောက်သမ်ပတန်၊ စတုတ်၊ တော့တင်ဟမ်ဟော့စပါး၊ ရီဒင်းတို့ကို ကစားပြီး ဆီမီး ဖိုင်နယ်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ၀က်ဖိုဒ်အသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။
ပွဲစဉ်တလျှောက်မှာ အသင်း ၂ သင်း ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေကို သွင်းယူခဲ့တဲ့ ဂိုးတွေ စုစည်းထားတာ ရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။