A d v e r t i s e m e n t With Us

အမ်ပီတီ သုံးစွဲသူ သန်း ၂၀ ရှိပြီဟု ကြေညာ

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမ်ပီတီဖုန်း သုံးစွဲသူ သန်း ၂၀ ရှိပြီလို့ ဒီနေ့ ကြေညာပါတယ်။ ဒီအတွက် ကံစမ်းမဲ အစီအစဉ်တစ်ခုကိုလည်း မေလ ၂၀ ရက်နေ့ကနေ ဇွန် ၂ ရကနေ့အထိ ပြုလုပ်မှာဖြစ်ပြီး ကျပ်သန်း ၄ ထောင်ဖိုးလောက် ပြန်ပေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆက်သွယ်ရေး အော်ပရေတာအဖြစ် နိုင်ငံခြားကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုတဲ့ နောက်ပိုင်း အမ်ပီဟာ ဂျပန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာပါ။ ဆင်းမ်ကတ် သန်း ၂၀ လုံးဟာ လက်ရှိသုံးစွဲနေတဲ့ ကတ်တွေ ဖြစ်၊ မဖြစ်ဆိုတာကိုတော့ မသိရပါဘူး။ လက်ရှိမှာ တယ်လီနော သုံးစွဲသူ ၁၀ သန်းနဲ့ အူရီဒူးသုံးစွဲသူ ၅ သန်းရှိတယ်လို့လည်း ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up