လက္ခဏာဆရာက ဗြိတိန်သံအမတ်ကို ဘာတွေဟောလိုက်သလဲ

ဓာတ်ပုံ - British Embassy Rangoon
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကတော့ ဗေဒင်လက္ခဏာ ဆရာတွေနဲ့ တွေ့ဆုံပြီး အနာဂတ် အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီလ အစောပိုင်းက သံအမတ်ကြီး အင်ဒရှုး ပက်ထရစ်ဟာ နာမည်ကျော် ဗေဒင်ဆရာ စံဇာဏီဘိုနဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံရုံးက ထုတ်ပြန်ပါတယ်။ ဆရာ စံဇာဏီဘိုက သံအမတ်ကြီးရဲ့ လက္ခဏာကို ဖတ်ရှုပြီး ကောင်းမွန်တဲ့ အနာဂတ် ဟောကိန်းတွေကို ပြောပြပေးတယ်လို့လည်း သံရုံးရဲ့ လူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးပါတယ်။ ရှေးပဝေသဏီကတည်းက ရှိနေတဲ့ မြန်မာရိုးရာ ဗေဒင်ဟောနည်းမှာ ပါဝင်တဲ့ နက္ခတ်ဂြိုလ်နဲ့ ရာသီခွင်တွေအကြောင်း၊ မဟာဘုတ်တိုင်ထောင်တာ ရက်ကောင်းရက်မြတ်ရွေးချယ်တာ စတဲ့ အကြောင်းအရာတွေဟာ သံအမတ်အကြီးအတွက် စိတ်ဝင်စားစရာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up