A d v e r t i s e m e n t With Us

ပျက်ကျအီဂျစ်လေယာဉ် အပိုင်းစတွေ့ပြီ၊ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်နိုင်ဟုပြော

မေ ၁၉ ရက်နေ့က ပျက်ကျသွားတဲ့ အီဂျစ် လေကြောင်းလိုင်းပိုင် လေယာဉ် အပိုင်းအစတွေကို ဂရိကျွန်းတခုအနီးမှာ တွေ့ရှိရတယ်လို့ အီဂျစ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ပြင်သစ်နိုင်ငံ ပါရီကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ဦးတည်ပျံသန်းသွားတဲ့ လေယာဉ်ဟာ အမြင့်ပေ ၃ သောင်း ၇ ထောင်မှာ ပျံသန်းနေစဉ် ရေဒါပေါ်ကနေ ပျောက်ဆုံးခဲ့ပါတယ်။ နောက်တော့ မြေထဲ ပင်လယ်ထဲကို ပျက်ကျခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၅၆ နဲ့ လေယာဉ်ဝန်ထမ်း ၁၀ ယောက် ပါဝင်ပါတယ်။ ပင်လယ်ပြင်မှာ အခု ပြန်တွေ့တဲ့ အပိုင်းအစတွေဟာ အသက်ကယ် အင်္ကျီ အပြာရောင်နဲ့ အဖြူရောင် အပိုင်းအစတွေ ဖြစ်ပါတယ်။ အီဂျစ် အရပ်ဘက်လေကြောင်း ထိန်းချုပ်ရေးဌာန ၀န်ကြီး ဆာရစ် ဖာသီက လေယာဉ်ပျက်ကျရတဲ့အကြောင်းဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဆိုတာထက် အကြမ်းဖက် တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ EgyptAir လေကြောင်းလိုင်းရဲ့ ကြေညာချက်အရ ယာဉ်ကို မောင်းနှင်သွားခဲ့တဲ့ လေယာဉ်မှူးဟာ ၆၂၇၅ နာရီ မောင်းနှင်းတဲ့ အတွေ့အကြုံရှိသလို၊ တွဲဖက် လေယာဉ်မှူးကလည်း ၂၇၆၆ နာရီ မောင်းနှင်ခဲ့တဲ့ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။ လေယာဉ်ကလည်း ၂၀၀၃ ခုနှစ်ထုတ် Airbus အမျိုးအစားဖြစ်ပြီး နာရီပေါင်း ၄ သောင်း ၈ ထောင်  ပျံသန်းခဲ့ပြီးပြီလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up