A d v e r t i s e m e n t With Us

ပထမဆုံး ထိုင်ဝမ်အမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လုံခြုံရေးတင်းကျပ်

ဓာတ်ပုံ - ရိုက်တာ
ထိုင်ဝမ်မှာ မေ ၂၀ ရက် ဒီနေ့မှာကျင်းပမယ့် ပထမဆုံး အမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပါတယ်။ ကျမ်းကျိန်ပွဲကို ထိုင်ဝမ်သမ္မတရုံး အပြင်ဘက် စင်မြင့်မှာ ကျင်းပမှာဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။ အခုတက်ရောက်မယ့် အရွေးကောက်ခံ သမ္မတဟာ ထိုင်ဝမ်ရဲ့ ၁၄ ဦးမြောက် သမ္မတဖြစ်ပြီး ထိုင်ဝမ်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်ထူထောင်ခဲ့ပြီး စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေ တိုးမြှင့်ခဲ့တဲ့ ကူမင်တန်ပါတီရဲ့ ၈ နှစ်ကြာသက်တမ်းကို အဆုံးသတ်လိုက်တာပါ။ သမ္မတသစ် Tsai Ing-wen နဲ့ ပတ်သက်ပြီး အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူတဦးက ခေါင်းဆောင်တဦးကို မဲပေးရွေးချယ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူ့ကို ရွေးချယ်တဲ့ ပြည်သူတွေဘ၀ တိုးတက်ကောင်းမွန်ရေးပါပဲ၊ ဘယ်ပါတီ ဘယ်နောက်ခံရှိရှိ လူထုအတွက် အလုပ်လုပ်ဖို့ပါပဲလို့ ပြောပါတယ်။ အခုနှစ် ဇန်န၀ါရီလက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး အာဏာရ ကူမင်တန်ပါတီရဲ့ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ ပေါ်လစီကို လူထုက လက်မခံဘူးဆိုတာ ပြသခဲ့ပါတယ်။ မေ ၂၀ ရက်နေ့ သမ္မတကျမ်းကျိန်ပွဲ အခမ်းအနားမှာ ထိုင်ဝမ်ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေလည်း နိုင်ငံတော် စစ်ရေးပြတီးဝိုင်းနဲ့အတူ ပါဝင်ချီတက်ကြမှာပါ။

A d v e r t i s e m e n t With Us

More News
Up