ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း ၄၀၀ ဖြင့် လျှပ်စစ်ဓာတ်အား တိုးထုတ်ရေးစတင်လုပ်ဆောင်
၂၀၁၆ ခုနှစ်ကစပြီး ကမ္ဘာ့ဘဏ်ရဲ့အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နဲ့ နိုင်ငံ အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေးနဲ့ လျှပ်စစ်မီးသွယ်တန်းရေးတို့ စတင် လုပ်ဆောင်နေပါပြီ။
ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်က မေ ၁၆ ရက်မှာ ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းအဖွဲ့ခေါင်းဆောင် Mr.Dejan R.Ostojic နဲ့ တွေ့ဆုံတုန်း ဘဏ်ဘက်က အခုလို အသိပေးခဲ့တာလို့ ပြောပါတယ်။
“ပြီးခဲ့တဲ့ အစိုးရလက်ထက်ကထဲက သဘောတူညီချက် ရှိခဲ့တာကိုး၊ ဒီ ၂၀၁၆-၁၇ ကစပြီး သူတို့ သုံးမယ်လို့ ပြောတယ်။ ဒေါ်လာသန်း ၄၀၀ မှာ ၃၁၀ က ကျေးလက် မီးရရှိရေးမှာ သုံးမယ်။ ၅ နှစ်လုပ်မှာ၊ ၁ နှစ်ကို ဒေါ်လာသန်း ၈၀ သုံးသွားမယ်။ ၀န်ကြီးဌာနနဲ့ သူတို့ လုပ်နေတာကို လွှတ်တော်ကော်မတီကို လာရှင်းပြသွားတာပါ။”
လတ်တလော မွန်ပြည်နယ် သထုံမြို့မှာ ကမ္ဘာ့ဘဏ်ရဲကူညီထောက်ပံ့မှုနဲ့ ဂတ်စ်တာဘိုင်တခု စတင်တည်ဆောက်နေပြီလို့ သိရပါတယ်။