A d v e r t i s e m e n t With Us

မက္ကဆီကန်သတင်းထောက်တဦး အသတ်ခံရ၊ ၆ ဦးမြောက် အသတ်ခံရသူဖြစ်လာ

မက္ကဆီကိုနိုင်ငံသား သတင်းထောက်တဦးဟာ ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့က ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီးနောက်မှာ အခုနှစ်အတွက် ၆ ယောက်မြောက် အသတ်ခံရတဲ့ သတင်းသမားတဦးဖြစ်လာပါတယ်။ မက္ကဆီကိုနိုင်ငံဟာ သတင်းသမားတွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် မန်နူယယ် တောရက်စ်ဂွန်ဇာလက်ဇ်ဟာ အဲဒီနေ့က ဗီယာခရုဇ်ပြည်နယ်၊ တပ်ဇ်ပန်ဒေသအနီးက ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်ရေးတခုမှ ပိုဇာရီကာမြို့ နေအိမ်ဆီအပြန်မှာ ခုလိုပစ်သတ်ခံခဲ့ရတာလို့ သည်ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ သူဟာ တီဗွီ အက်ဇ်တက်ကာ(TV Azteca)နဲ့ Radiover.com သတင်းဌာနတွေရဲ့ အလွတ်တန်းသတင်းထောက်တဦးဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်သတင်းစာမျက်နှာ NoticiasMT တွေမှာ ရေးသားတင်ဆက်နေသူတဦးဖြစ်ပါတယ်။ သူဟာ ဗီယာခရုဇ်ပြည်နယ်ရှေ့နေချုပ်ရုံးမှာလည်း လက်ထောက်တဦးအဖြစ် လုပ် ကိုင်နေကာ အရင်ကခြိမ်းခြေက်ခံရတာတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ခုလိုအသတ်ခံရမှုဟာ မက္ကဆီကိုနိုင်ငံမှာ ၆ ယောက်မြောက်အသတ်ခံရမှုဖြစ်ကာ ဗီယာခရဇ်ပြည်နယ်မှာတော့ ဒုတိယမြောက် အသတ်ခံရတာပဲဖြစ်တယ်လို့ သတင်းသ မားကာကွယ်ရေးကော်မတီသုတေသနအဖွဲ့(စီပီဂျေ)က ပြောပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသဟာ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူး မှု အချက်အချာကျတဲ့ ဗဟိုချက်မနေရာတခုဖြစ်ပြီး ပိုဇာရီကာမြို့ကတော့ မူးယစ်ဆေး ၀ါးဂိုဏ်းတွေကြား မကြာခဏ တိုက်ပွဲတွေဖြစ်လေ့ရှိတဲ့ ဆုံမှတ်တခုဖြစ်နေတာပါ။ နယ်စည်းမခြားသတင်းသမားများအဖွဲ့(အာရ်အက်စ်အက်ဖ်)မှ အီမန်နူရယ်ကို လမ်ဘီက “ကျနော်တို့အနေနဲ့ ခုလိုသတ်ဖြတ်ခံနေရတာကို ရှုတ်ချပါတယ်။ ကျနော်တို့အနေနဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့်တွေနဲ့ မက္ကဆီကိုသတင်းသမားတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up