အမေရိကန်လေတပ် ဗုံးကြဲလေယာဉ် ပျက်ကျ (ရုပ်သံ)
အမေရိကန်လေတပ် B-52 ဗုံးကြဲလေယာဉ်တစီး မေ ၁၈ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာ ဂူအမ်း Guam လေတပ်စခန်းမှာ ပျက်ကျပါတယ်။
လေတပ်စခန်းကပြန်တက်သွားပြီး မကြာခင်မှာ ပျက်ကျသွားခဲ့ကာ လေယာဉ်ပေါ်ပါသူ ၇ ဦးလုံး လွတ်မြောက်တယ်လို့ အမေရိကန်လေတပ်ကပြောဆိုပါတယ်။ ပျက်ကျခဲ့ရတဲ့အကြောင်းရင်းကို စုံစမ်းနေတယ်လို့လည်း ပြောဆိုပါတယ်။
ပစိဖိတ်သမုဒ္ဒရာကို ဆက်လက်စိုးမိုးရေး အမေရိကန်စစ်ရေး မဟာဗျူဟာနဲ့ အမေရိကန်ပြည်ထောင်စု၊ မြောက်ဒါကိုဒါပြည်နယ်ကနေ လာရောက်တပ်စွဲထားတဲ့ ဗုံးကြဲလေယာဉ်ဖြစ်ပါတယ်။
ဒီဗုံးကြဲလေယာဉ်ဟာ ပစ်ချခံရတာကြောင့် ပျက်ကျတာမဟုတ်ဘူးဆိုတာ အများပြည်သူကို အသိပေးပါတယ်လို့ အူအမ်အုပ်ချုပ်ရေးမှူးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။