လူနေရပ်ကွက်ထဲ ၀င်ရောက်ဟိန်းဟောက်သည့် ၀က်ဝံကို ဖမ်းဆီး (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ရန်ချိုကူကာမွန်ဂါက လူနေရပ်ကွက်ထဲကို ၀က်ဝံတကောင် ရောက်ရှိလာပြီး သစ်ပင်ပေါ်ကနေ ဟိန်းဟောက်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မေ ၁၇ ရက်က လူနေရပ်ကွက်ထဲကို ၀က်ဝံ ရောက်ရှိလာတာဖြစ်ပြီး ၀က်ဝံကို ကယ်လီဖိုးနီးယား ငါးနဲ့ တောရိုင်းတိရစ္ဆာန်ဌာနက မေ့ဆေးပေးပြီး သတ္တုသေတ္တာထဲကို ထည့်သွင်းလိုက်ပါတယ်။
ဒီနောက် တောထဲကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒေသခံ သီတင်းမီဒီယာတွေမှာတော့ ၀က်ဝံရောက်လာတဲ့အတွက် စာသင်ကျောင်း ၂ ကျောင်းက တံခါးတွေကို အလုံပိတ်ခဲ့ရပါတယ်။