Home
မြန်မာသတင်း
ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၂၇ တွင် တိုက်ပွဲပြင်းထန်
နော်နိုရင်း
·
May 19, 2016
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၂၇ မှာအစိုးရ တပ်မတော်နဲ့ ကေအိုင်တပ်တို့အကြား အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တို့နဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေဖြစ်ပွားနေတယ်လို့ မိုင်းခေါင်ဒေသခံတဦးက ပြောပါတယ်။ မန်စီမြို့နယ် လိုက်ကာကျေးရွာအထက်ပိုင်းမှာ ဒီကနေ့ မနက် ၅ နာရီကတည်းကပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ မိုင်းခေါင်ကျေးရွာက ဆရာဦးတမော်နော်မိုင်က ပြောပါတယ်။ “လိုက်ကာအထက်နားက သင်တန်းကုန်းမှာ တိုက်ပွဲတွေဖြစ်နေတာ။ ဒီမနက် ၅ နာရီက ဖြစ် တယ်။ အခုလည်း စောင့်ကြည်နေကြတယ်။ ဆက်ပစ်မယ့် အနေအထားဖြစ်နေတယ်။” မေလ ၁၇ ရက်နေ့က အစိုးရတပ်တဲ့ ကချင်တပ်မတော်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်ဖက် ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ မနေ့ကအထိလည်း ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့လည်း ဦးတမော်နော်မိုင်က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်က သတင်းစုဆောင်းရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘိုကို မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပြောပါတယ်။ “တိုက်ပွဲဖြစ်ဖြစ်တာကတော့ မန်စီမြို့နယ် မိုင်းခေါင်အထက်ဒေသလောက်မှာဖြစ်တယ်။ ဒီမနက် လည်း အဲဒီဖက်မှာ တိုက်ပွဲဖြစ်တယ်လို့ပြောတယ်။ ဒါပေမယ့် ပြည့်ပြည့်စုံစုံသတင်းတွေတော့ မရသေးပါဘူး။ မနေ့ကလည်း ကျနော်တို့ ကေအိုင်အေတပ်ရင် ၂၇ အုပ်ချုပ်နယ်မြေပေါ့။ တပ်မတော်ဖက်ကနေ ရဟတ်ရယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တယ်။” ဗုံးကျဲတိုက်ခိုက်တဲ့နေရာမှာ ကေအိုင်အေတပ်စခန်းနဲ့ ကျေးရွာတွေမရှိတဲ့အတွက် ထိခိုက်သေ ဆုံးတာ မရှိပေမယ့် သစ်ထုတ်လုပ်တဲ့နေရာတွေ၊ လမ်းပေါ်မှာ ဗုံးကျဲခဲ့တာလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024