A d v e r t i s e m e n t With Us

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယားကျောင်းသူကို ၂ နှစ်အကြာ ကလေးရပြီးမှ ပထမဆုံးကယ်တင်နိုင်

Undated picture released May 18, 2016 by Nigeria army of rescued Chibok schoolgirl and her baby in Maiduguri, Nigeria. Nigeria Military/Handout via REUTERS TV.
လွန်ခဲ့တဲ့ ၂ နှစ်က နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်အကြမ်းဖက်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အထက်တန်းကျောင်းသူတွေထဲက တဦးကို မေ ၁၇ ရက်နေ့က ပထမဆုံးကယ်ဆယ်နိုင်ခဲ့ပြီး မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ကြပါတယ်။ အသက် ၁၉ နှစ်အရွယ် အမီနာကို သူ့ရဲ့ကလေးငယ်တဦးနဲ့အတူ ကမ်မရွန်းနယ်စပ်အနီး တောနက်ထဲမှာ ဒေသခံ ပြည်သူ့စစ်တွေက တွေ့ရှိကယ်ဆယ်ခဲ့တာပါ။ ၂၀၁၄ ခုနှစ် ဧပြီလမှာ နိုင်ငံအရှေ့ပိုင်း ချီဘွတ်ခ်မြို့ Chibok အထက်ကျောင်းတကျောင်းတကျောင်းကနေ ပြန်ပေးဆွဲခံရသူ ကျောင်းသူ ၂၁၉ ဦးထဲက တဦးဖြစ်ပါတယ်။ ဘိုကိုဟာရမ်အကြမ်းဖက်နှိမ်နင်းရေး နိုင်ဂျီးရီးယားစစ်တပ်ကို ကူညီနှိမ်နင်းပေးနေတဲ့ ပြည်သူ့စစ်တဦးက အမီနာကို  မှတ်မိခဲ့ပြီး အခုလို ကယ်တင်ခဲ့တာလို့ သတင်းတွေကဆိုပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူဆိုသူ ဘိုကိုဟာရမ်တိုက်ခိုက်ရေးသမားတဦးနဲ့အတူတွေ့ရှိခဲ့ပြီး သူ့ကို နိုင်ဂျီးရီးယားစစ်တပ်က ဖမ်းဆီးထားပါတယ်။ အာမီနာ နဲ့ ကလေးငယ်ကို နိုင်ငံအရှေ့မြောက်ပိုင်း ဘိုနိုပြည်နယ်မြို့တော် Maiduguri မိုင်ဒူဂူရီမြို့ ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ နိုင်ဂျီးရီးယားစစ်တပ်က ပြောဆိုပါတယ်။ ပထမဆုံးကယ်ဆယ်နိုင်ခဲ့တဲ့ ပြန်ပေးဆွဲခံကျောင်းသူကို နိုင်ဂျီးရီးယားသမ္မတက ဖိတ်ခေါ်ပြီး တွေ့ဆုံမယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up