A d v e r t i s e m e n t With Us

ဘိုလီးဗီးယား အလုပ်သမားနှင့်ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပွဲ ဒိုင်းနမိုက်ပေါက်ကွဲ (ရုပ်သံ)

ဘိုလီးဗီးယား နိုင်ငံမှာ မေ ၁၈ ရက်နေ့က အလုပ်သမားတွေနဲ့ ရဲအဖွဲ့တို့ ထိပ်တိုက်တွေ့ကြစဉ် ဒိုင်းနမိုက် တလုံးပေါက်ကွဲပြီး အလုပ်သမားတဦး လက်ပြတ်သွားပါတယ်။ ပေါက်ကွဲမှုကြောင့် တခြား အလုပ်သမား  ၂ ဦးလည်း ဒဏ်ရာရပြီး  အတော်များများလည်း ဖမ်းဆီးခံလိုက်ရပါတယ်။ အလုပ်သမားဝန်ကြီးဌာန အပြင်ဘက်မှာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ရဲတွေကလည်း ဆိုင်ကယ်တွေပေါ်ကနေ မျက်ရည်ယိုဗုံးတွေနဲ့ လှမ်းပစ်ခဲ့ပါတယ်။ လာပက်စ်မြို့မှာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ မေ ၁၆ ရက်နေ့ကတည်းက ဆန္ဒပြနေကြတာပါ။ ၂၀၁၂ နှစ်မှာ သူတို စက်ရုံကို နိုင်ငံပိုင် သိမ်းလိုက်ပြီးကတည်းက အလုပ်သမား ၁၀၀၀ လောက် အလုပ်ပြုတ်ခဲ့တာကို မကျေနပ်တဲ့အတွက် အခုလို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up