A d v e r t i s e m e n t With Us

ဝန်ဆောင်မှုကိုရှေးရှူသည့် ရဲလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ရဲချုပ်ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမမှာ ဝန်ဆောင်မှုကို ရှေးရှူတဲ့ရဲလုပ်ငန်း (Service Oriented Policing) နဲ့ပတ်သက်ပြီး ရှင်းလင်းပွဲကို မေလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက အစိုးရသစ်လက်ထက် အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ဝန်ဆောင်မှုကို ရှေးရှူတဲ့ ရဲလုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြခဲ့တာပါ။ ရှင်းလင်းပွဲကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျောနီအပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးတွေ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖိတ်ကြား ထားသူတွေတက်ရောက်ခဲ့ပါတယ်။ ရှင်းလင်းပွဲမှာရဲချုပ်က ရဲတပ်ဖွဲ့ရဲ့ ပြုပြသ်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး ရက် ၁၀၀ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ရှင်းလင်းခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - သော်ဇင်မျိုး

A d v e r t i s e m e n t With Us

More News
Up