သီရိလင်္ကာတွင် မြေပြိုမှုကြောင့် လူ ၁၅၀ ခန့် သေဆုံး
သီရိလင်္ကာနိုင်ငံမှာ သုံးရက်တာ မိုးသည်းထန်ပြီးနောက် နိုင်ငံအလယ်ပိုင်းက ဒေသ ၂ ခုမှာ မြေပြိုမှုကြောင့် လူ ၁၅၀ လောက် သေဆုံးနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်ကျန်ရစ်နေနိုင်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်။
မိုးသည်းထန်တာကြောင့် အိုးအိမ်စွန့်ခွာ ပြောင်းရွှေရတဲ့ လူဦးရေက နှစ်သိန်း နှစ်သောင်းသုံးထောင်ကျော် ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။
မေ ၁၈ ရက်နေ့အထိ အလောင်း ၃၇ လောင်းကို ရရှိထားပြီး တိုးလာဖွယ်ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။
မြို့တော်ကိုလံဘိုကနေ အရှေ့မြောက်ဘက်က မိုင် ၆၀ အကွာ အာရာနာယာကာ မြို့အနီးမှာ မေ ၁၇ ရက်နေ့ နှောင်းပိုင်း မြေပြိုင်မှုအတွင်း ရွာသုံးရွာ မြေပြိုတဲ့အထဲ ပါသွားခဲ့ပါတယ်။
ဘူလက်ကိုပီတီယာ ပြည်နယ်ထဲမှာလည်း နောက်ထပ်မြေပြိုမှု တခုအတွင်း လူ ၂၀ လောက် သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ စစ်သားတွေက လူ ၂၀၀ လောက်ကို လှေတွေ၊ ရဟတ်ယာဉ်တွေကို သုံးပြီး ကယ်ထုတ်ခဲ့ရတယ်လို့ စစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။