A d v e r t i s e m e n t With Us

ချဲလ်ဆီးနှင့် တနှစ်စာချုပ် တယ်ရီ လက်မှတ်ထိုး

ဓာတ်ပုံ - Getty Images
အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်း နောက်ခံလူ ဂျွန်တယ်ရီဟာ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုး လက်မှတ်ထိုးလိုက်ပါတယ်။ လက်စတာစီးတီးအသင်းနဲ့ တဂိုးစီ သရေကျတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာတော့ အသက် ၃၅ နှစ်အရွယ် တယ်ရီက အသင်းမှာ ဆက်ရှိနေချင်တယ်လို့ ပြောပါတယ်။ ကလပ်အသင်းဥက္ကဋ္ဌ ဘရုစ်ဘတ်ကတော့ တယ်ရီ အသင်းမှာ တနှစ်ထပ်ရှိမှာကို ၀မ်းသာတယ်လို့ ပြောပါတယ်။ တယ်ရီဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို ၁၉၈၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အသင်းအတွက် ၇၀၃ ပွဲ ကစားပေးထားပါတယ်။ တယ်ရီဟာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေကို ချဲလ်ဆီးအသင်းနဲ့အတူ ရယူခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up