A d v e r t i s e m e n t With Us

အက်စ်တွန်ဗီလာကို ပေါင်သန်း ၆၀ ဖြင့် ၀ယ်ယူရန် တရုတ်စီးပွားရေးသမား သဘောတူ

အင်္ဂလန် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ အက်စ်တွန်ဗီလာကို ပေါင်သန်း ၆၀နဲ့ ၀ယ်ယူဖို့ တရုတ်စီးပွားရေးသမားက သဘောတူညီလိုက်ပါတယ်။ ဘောလုံးလိဂ်ရဲ့ အတည်ပြုချက် ရယူရမယ့် သဘောတူညီချက်က တရုတ်စီးပွားရေးသမား ဒေါက်တာ တိုနီဇီကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး ဥက္ကဋ္ဌ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကလပ်အသင်းက ထုတ်ပြန်ချက်မှာတော့ ဇီက ကလပ်ကို ထိန်းသိမ်းဖို့ မှန်ကန်တဲ့ပိုင်ရှင် တဦး ဖြစ်သလို အကောင်းဆုံးရွေးချယ်လိုက်တာလို့ ယုံကြည်တယ်လို့ ပြောပါတယ်။ သင့်တော်တဲ့ ပိုင်ရှင်တယောက်နဲ့ ဒါရိုက်တာ ဖြစ်တဲ့အကြောင်း စစ်ဆေးမှုကို ဇီက အောင်မြင်အောင် ဖြေဆိုဖို့ လိုနေပါတယ်။  အသင်းမန်နေဂျာကိုလည်း မကြာခင်ကြေညာသွားမှာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပေါင် ၆၂.၂ သန်းနဲ့ ၀ယ်ယူခဲ့တဲ့ အမေရိကန် ဘီလျံနာ ရန်ဒီလာနာက ကလပ် အသင်းကို ရောင်းချဖို့ ၂၀၁၄ ခုနှစ်ကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up