မြန်မာတောင်တက်အဖွဲ့ ကမ္ဘာအမြင့်ဆုံး ဧ၀ရတ်တောင်ထိပ် အောင်မြင်စွာ ခြေချနိုင်

ဧ၀ရတ်တောင်ကို တက်ရောက်နေတဲ့ မြန်မာတောင်တက်အဖွဲ့ဝင် ၂ ဦးဟာ တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်။ မြန်မာတောင်တက်အဖွဲ့ဝင် ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့နှစ်ဦးဟာ မေလ ၁၉ ရက် နံနက် ၇ နာရီ ၁၇ မိနစ်မှာ တောင်ထိပ်ကို ခြေချနိုင်ပြီလို့ ထူးဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။ မေ ၁၈ ရက် နေ့လယ်ပိုင်းမှာ မီတာ ၈,၀၀၀ မြင့်သော South Col စခန်း ၄ ကို မြန်မာတောင်တက်အဖွဲ့တွေ ရောက်ရှိခဲ့ပြီး တောင်ထိပ်ကို ဆက်လက်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဧ၀ရတ်တောင်ဟာ မီတာ ၈၈၄၈ မီတာမြင့်ပြီး ကမ္ဘာ့အမြင့်ဆုံး တောင်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up