ထိုးကြိတ်တာတွေ မရှိပါဘူး၊ ဒါတွေက အများအမြင်ပါ - ရဲမှူးကြီး ကိုကိုအောင် (ရုပ်သံ)
ကျော်ဇေဝင်း
·
May 19, 2016
အလုပ်သမားအခွင့်အရေး ရရှိဖို့ နေပြည်တော်အထိ လှမ်းလျှောက်တဲ့ စစ်ကိုင်း အလုပ်သမား သပိတ်စစ်ကြောင်းဟာ မေ ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်က နေပြည်တော်အ၀င် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့တားဆီးခံရပြီးနောက် နေခင်း ၁ နာရီခွဲမှာ ဖြိုခွင်းဖမ်းဆီးလိုက်ပါတယ်။
တားမြစ်ထားတဲ့နေရာကို ကျော်လွန်ချီတက်လာတဲ့အတွက် ဆန္ဒပြ အလုပ်သမားတချို့ကို ရဲတပ်ဖွဲ့က ဖြိုခွင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အလုပ်သမားသပိတ်ကို ဖြိုခွင်းရာမှာ ရဲတပ်ဖွဲ့က ထိုးကြိတ်တာ၊ ကိုင်တွယ်ပုံ ကြမ်းတမ်းတယ်ဆိုပြီး အမျိုးမျိုးဝေဖန်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်ကို သတင်းထောက်တွေက တွေ့ဆုံမေးမြန်းထားတာ ရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။