အမေရိကန်တွင် ဘူဒိုဇာဖြင့် ဖမ်းဆီးဆိုင်ကယ်များကို ဖျက်ဆီး (ရုပ်သံ)
တားမြစ်ထားတဲ့ မြို့ထဲကို ၀င်ရောက်စီးနင်းတဲ့ ပြိုင်ပွဲဝင် မော်တော်ဆိုင်ကယ် ၇၀ လောက်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်ရဲဌာနက ဘူဒိုဇာသုံးပြီး ဖျက်ဆီးလိုက်ပါတယ်။
လိုင်စင်မရှိဘဲ စတန့်ထွင်စီးတဲ့ ဆိုင်ကယ်တွေကို မေ ၁၇ ရက်က ဘူဒိုဇာနဲ့ ခြေဖျက် ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။
သူတို့အတွက်သာမက လူထုအတွက်လည်း အန္တရာယ်တွေ ဖန်တီးလို့ ဆိုင်ကယ်တွေကို ဖမ်းဆီး ဖျက်ဆီးလိုက်တာလို့ ရဲအရာရှိ ၀ီလီယံ ဘရတ်တွန်က ပြောပါတယ်။
ဒီနှစ်အတွင်းမှာ ဆိုင်ကယ် ၆၇၉ စီး ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အန္တရယ်ဖြစ်စေတဲ့ ဆိုင်ကယ်မောင်းသမားတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးတဲ့ ဆိုင်ကယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်ရှင်ဆိုပြီး လာရောက်ထုတ်ယူတဲ့သူ မရှိဘူးပြောပါတယ်။
ရဲတွေက အရှိန်နဲ့မောင်းတဲ့ ဆိုင်ကယ်တွေနောက်ကို လိုက်မဖမ်းတော့ဘဲ စောင့်ကြည့် ရဟတ်ယာဉ်နဲ့ တခြားနည်းပညာတွေကို သုံးပြီး ဖမ်းဆီးတယ်လို့ ဆိုပါတယ်။