A d v e r t i s e m e n t With Us

တရုတ်နည်းပညာကုမ္ပဏီက မောင်းသူမဲ့ကားများ စမ်းသပ်သုံးစွဲမည့် အစီအစဉ် စတင်

ဓာတ်ပုံ - ရိုက်တာ
တရုတ်နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ ဘိုင်ဒု (Baidu) နည်းပညာကုမ္ပဏီက တရုတ်နိုင်ငံအရှေ့ပိုင်း Wuhu မြို့တမြို့လုံးမှာ မောင်းသူမဲ့ကားတွေ စမ်းသပ်သုံးစွဲသွားမယ့် အစီအစဉ်တရပ်ကို စတင်လိုက်ပါတယ်။ ငါးနှစ်အတွင်း လက်ရှိသွားလာနေတဲ့ လူစီးကားတွေ၊ ကုန်တင်ကားတွေနဲ့ ခရီးသည်တင် ဘတ်စ်ကားတွေကို မောင်းသူမဲ့အဖြစ် တဖြည်းဖြည်း စမ်းသပ်သုံးစွဲသွားမှာပါ။ စတင်စမ်းသပ်စဉ် ကာလမှာတော့ ခရီးသည်တွေကို စီးနင်းခွင့်ပြုဦးမှာမဟုတ်ဘဲ တဖြည်းဖြည်းချင်း စမ်းသပ်ဧရိယာကိုရော၊ နည်းပညာကိုပါ တိုးချဲ့မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မောင်းသူမဲ့ကားတွေကို ပထမဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့မြို့ကြီး ဖြစ်ချင်တယ်လို့ ဘိုင်ဒု နည်းပညာကုမ္ပဏီ အရာရှိတဦးက ပြောဆိုပါတယ်။ ဒီ ၀ူဟူးမြို့ဟာ မောင်းသူမဲ့ ကားမောင်းစနစ်ကို ပထမဆုံး အသုံးပြုဖို့ နည်းပညာအပေါ် ယုံကြည်မှုလည်း ရှိတယ်၊ စမ်းလည်း စမ်းသပ်ရဲတယ်၊ စမ်းသပ်ရအောင်လည်း နည်းပညာအရ တိုးတက်ဖွံ့ဖြိုးမှုလည်း ရှိတယ်လို့ မောင်းသူမဲ့ကား စမ်းသပ်အသုံးပြုရေးဌာန အရာရှိက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up