ဧ၀ရတ်တောင်နောက်ဆုံးစခန်းကို မြန်မာတောင်တက်သမားများ ရောက်ရှိ
DVB
·
May 18, 2016
ဧ၀ရတ်တောင်တက်ရောက်နေတဲ့ မြန်မာတောင်တက်အဖွဲ့ဝင် ၂ ဦး မီတာ ၈၀၀၀ ရှိတဲ့ နောက်ဆုံး စခန်း ၄ ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။
ဒေသစံတော်ချိန် မနက် ၆ နာရီမှာ မြန်မာတောင်တက်အဖွဲ့ဝင် ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ စခန်း ၃ ကနေ ထွက်ခွာလာတာ ဖြစ်ပါတယ်။
မီတာ ၈,၀၀၀ မြင့်သော South Col/စခန်း ၄ ကို ၁၂ နာရီ ၁၅ မှာ ကိုပြည့်ဖြိုးအောင်က ရောက်ရှိလာသလို ကိုဝင်းကိုကိုက နေ့လည် ၂ နာရီ ၃၀ မိနစ်မှာ ရောက်ရှိသွားတယ်လို့ ထူးဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။
စခန်း ၄ ဟာ South Col ဆိုသည်မှာ ဧ၀ရတ်တောင်နဲ့ ကမ္ဘာ့ စတုတ္ထအမြင့်ဆုံးတောင် Lhotse တို့အကြားက နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ရာသီ ဥတု၊အပူချိန်နဲ့ လေတိုက်နှုန်းတွေက ကောင်းမွန်နေသလို မြန်မာတောင်တက်သမားတွေက ဒီနေ့ညမှာ တောင်ထိပ်သို့ တက်ရောက်နိုင်ဖွယ်ရှိ တယ်လို့လည်း ထုတ်ပြန်ပါတယ်။