မီးလောင် စက်လှေပေါ်မှ လူ ၂ ဦးနှင့် ခွေးကို ကယ်တင် (ရုပ်သံ)
Published By
DVB | 18 May, 2016
2.8K
0
Share
0
Comment
0
Likes
မီးလောင်နေတဲ့ စက်လှေပေါ်ကနေ ခုန်ဆင်းခဲ့တဲ့ လူ ၂ ဦးနဲ့ ခွေး ၁ ကောင်ကို ဒုက္ခရောက်နေသူများကို ကူညီတဲ့အဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က မာလီဘူကျွန်းနဲ့ ၁ မိုင်အကွာမှာ ဖြစ်ပွားခဲ့တာလို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
မေ ၁၇ ရက် မနက်ပိုင်းမှာ မီးသတ်ဌာနက သွားရောက်ငြှိမ်းသတ်ပေးခဲ့ရပါတယ်။
စက်လှေပေါ်မှာ မီးလောင်တဲ့အတွက် လူ ၂ ဦးနဲ့ ခွေး ၁ ကောင်တို့ ရေပေါ်ကို ခုန်ချခဲ့ရပါတယ်။
နောက်ပိုင်းမှာ ဒုက္ခရောက်နေသူများအဖွဲ့က ဒီလူတွေကို ကယ်ဆယ်ခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့က လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒဏ်ရာရတာတော့ မရှိဘူးလို့လည်းဆိုပါတယ်။
၄၅ ပေရှည်တဲ့သင်္ဘောဟာ လုံးဝ မီးလောင်ကျွမ်းသွားခဲ့သလို မီးသတ်တပ်ဖွဲ့တွေက မီးငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်တဲ့ အကြောင်းအရင်းကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။