ရေပူဆရာတော်ကို ဒဏ်ငွေ ၂ သောင်းဖြင့် စီရင်ချက်ချ
DVB
·
May 18, 2016
မိုးကုတ်မြို့က ရေပူဆရာတော် ဦးဣန္ဒကကို သစ်တောဥပဒေ ပုဒ်မ ၄၂နဲ့ ပြင်ဦးလွင်ခရိုင်တရား ရုံးက ဒီကနေ့ ဒဏ်ငွေ ၂ သောင်း စီရင်ချက်ချမှတ်လိုက်ပါတယ်။
ဆရာတော်ကတော့ စီရင်ချက်ဟာ တရားမျှတမှုမရှိလို့ဆိုပြီး အယူခံတက်ဦးမယ်လို့ စီရင်ချက်ချ အပြီး မိန့်ခဲ့ပါတယ်။
“ဒီကနေ့ဆိုလို့ရှိရင် တရားရုံးကနေ ဘုန်းကြီးကို ၄၂ (က) သစ်တောဥပဒေပုဒ်မအရ ပြစ်မှုထင်ရှားတယ်ဆိုပြီးတော့ ဒဏ်ငွေ ၂ သောင်းချပါတယ်။ အဲဒါ အနှိပ်ဆုံး ပစ်ဒဏ်ပါ။ ဒါပေ မယ့် အဲဒီဒဏ်ငွေအနှိပ်ဆုံး ၂ သောင်းချတာတောင်မှ တရားသူကြီးဟာ တရားမျှတမှုမရှိဘူး လို့ ဘုန်းကြီးခံယူပါတယ်။”
သစ်တောဥပဒေနဲ့ငြိနေရင် တောထဲကနေ သစ်ခုတ်တဲ့သူ၊ သယ်ယူသူ၊ ဘုန်းကြီးကျောင်းအထိ လာပိုတဲ့သူကို အရေးယူရမယ့်အစား ဘာသာသာသနာအတွက် အသုံးပြုတဲ့ ဘုန်းကြီးကို အရေးယူတာဟာ တရားမျှတမှုမရှိကြောင်းလည်း ရေပူဆရာတော်က မိန့်ပါတယ်။
မိုးကုတ်မြို့ရေပူ ဆရာတော်ကို သစ်တော ဥပဒေ ပုဒ်မ နဲ့ ပြီးခဲ့တဲ့ နှစ် ဇွန်လက ဖမ်းဆီးထိန်းသိန်းခံခဲ့ရတာဖြစ်ပါတယ်။