Home
မြန်မာသတင်း
အလုပ်သမားသပိတ် ဖြိုခွင်းဖမ်းဆီးခံရမှုအပေါ် ဖေ့စ်ဘွတ်ခ်ပေါ်က အငြင်းပွားသံများ
DVB
·
May 18, 2016
အလုပ်သမားအခွင့်အရေး ရရှိဖို့ နေပြည်တော်အထိ လှမ်းလျှောက်တဲ့ စစ်ကိုင်း အလုပ်သမား သပိတ်စစ်ကြောင်းဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က နေပြည်တော်အ၀င် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့တားဆီးခံရပြီးနောက် နေခင်း ၁ နာရီခွဲမှာ ဖြိုခွင်းဖမ်းဆီးလိုက်ပါတယ်။ အလုပ်သမားတွေကို  လူစုမခွဲခင် အင်အားသုံးပြီး လူစုခွဲမယ်လို့  အုပ်ချုပ်ရေးအဖွဲ့ အဆက်မပြတ်ကြေငြာပြီးနောက် လူစုခွဲခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဒီဗွီဘီဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်ရိုက်သတင်းရုပ်သံ ထုတ်လွှင့်ခဲ့ပါတယ်။ အလုပ်သမားတွေအပေါ် လူစုခွဲဖမ်းဆီးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဖေ့စ်ဘွတ်ခ်ပေါ် အပြန်အလှန်ရေးသားထားတာကို  ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Love Over။ ။အများအကျိုးလို့ ပြောရအောင်ကလည်း သူတို့အတွက်သူတို့ လျော်ကြေး တောင်းနေကြတာ၊ အနစ်နာခံကြတယ်လို့ ပြောရအောင်ကလည်း အလုပ်ထုတ်လိုက်တဲ့ ရက်အတွက်တောင် လစာပေးရအုံးမယ်တဲ့၊ ပေးဆပ်တယ်လို့ပြောရအောင်ကလည်း ဆန္ဒပြတာ ကို အရေးမယူဖို့တောင် ပြောသတဲ့....၊ ကိုယ်ကျိုးစွန့်ကြတယ်လို့ ပြောရအောင်ကလည်း ထုတ်လိုက်တဲ့အလုပ်သမား ပြန်ခန့်ပေးပါတဲ့..၊ အလုပ်သမားလူတန်းစားအတွက်လို့ ပြောရအောင် ကလည်း ဖြစ်ဖြစ်မြောက်မြောက်ဥပဒေအတွက် ဆန္ဒပြကြတာမဟုတ်၊ ဆိုတော့ကာ.... ပြောကြည့်လေ၊ ဝန်းရံရမယ့် အကြောင်းလေး၊ ကိုယ့်အတွက်ကိုယ်ပြတာ ပြကြပါ ဘာမှမပြောလိုဘူး၊ မဆီမဆိုင် ပြည်သူကိုဆွဲမထည့်ကြပါနဲ့၊ ဒီမိုကရေစီ သဘောတရားတွေဘာတွေနဲ့ လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြီးပြောလာရင်တော့ ဒီမိုကရေစီ သဘောတရားအရ အများဆန္ဒကို အကောင်အထည်ဖော်နေတဲ့အစိုးရကို ဒုက္ခမပေးပါနဲ့လို့ပဲ ကပ်သပ်ပြီးပြောရမှာပဲ၊ အလျော့အတင်းမရှိတဲ့ တောင်းဆိုမှုတွေဟာ ဒီမိုကရေစီသဘောတရား အရ လုံးဝဖြစ်နိုင်စရာအကြောင်းမရှိဘူး၊ အရင်အစိုးရတုန်းကတော့ မြောက်ပေးကြပြီး အခုအစိုးရကျမှ ကန့်ကွက်တာ ဘာသဘောလဲလို့ မေးလို့ရပါတယ်၊ ဒါကရှင်းပါတယ်။ အရင်အစိုးရဆိုတာ ပြည်သူတင်တဲ့အစိုးရမဟုတ်သလို ပြည်သူ့အကျိုးကို လုပ်နိုင်တာထက် လျှော့ပေါ့လုပ်နေကြလို့ တောင်းဆိုတာ။ အခုအစိုးရဆိုတာ ပြည်သူက အခက်အခဲအပြိုင်အဆိုင် အတိုက်အခိုက်တွေကြားထဲကနေ တင်ပေးထားတဲ့ ပြည်သူ့အစိုးရဖြစ်တဲ့အပြင် သူတို့ လုပ်နိုင် တာထက်ကို ပိုပြီးအားစိုက်လုပ်ကြမယ့် အစိုးရမို့လို့ပဲ။ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ ကြတယ်၊ နိုင်ကြတယ်၊ အစိုးရဖြစ်လာတယ်၊ ဒါကို ဘာများ အထွန့်တက်စရာရှိသလဲ၊ မဲရှုံးလို့ ရှုံးမဲမဲတာဆိုရင်တော့ နိုင်ငံရေးသေပြီ။ ရွေးကောက်ပွဲတုန်းကတော့ သောက်သံတချက်မထွက်ခဲ့တဲ့သူတွေက NLD နိုင်ပြီးအစိုးရဖြစ်မှ ၊NLD ကို မဲပေးတဲ့အထဲတို့မပါဘူးလို့ ပြောနေလဲ အပိုပါပဲ၊ ကိုယ်မဲမပေးတဲ့အစိုးရလက်အောက် မနေချင်ရင် ထွက်သွားရုံပဲ၊ ဘာမှ ဟီလာတိုက်ပြီး တသီးတသန့်ဆန်ချင်လို့မရဘူး၊ ဒါဒီမိုကရေစီလား ဆိုတဲ့လူတွေကိုယ်တိုင် ဒီမိုကရေစီရဲ့အခြေခံလေးတွေကို ကြေညက်ထား ဖို့တော့့လိုမယ်၊ ကိုယ့်အခွင့်အရေးကိုယ်တောင်းတယ်ဆိုတိုင်း ပတ်ဝန်းကျင်ကို တိုင်တည်နေလို့ မရဘူး၊ အမြင်မတော်ရင် ဝိုင်းဆဲခံရမယ်ဆိုတာ သဘောပေါက်… ကြည့်မရလို့ဆဲတာကွာ ဘာဖြစ်လဲဆိုရင် ရန်ဖြစ်ကြအုံးမယ်...၊ အိမ်မီးလောင်လို့ အရပ်ကူပါ လူဝိုင်းပါနဲ့ ပစ္စည်းသယ်ဖို့ အကူအညီတောင်းမိပါရဲ့၊ ဆန်အိတ်ထမ်းပြီး သယ်ပြေးချင်ကြသူတွေက တယ်များသကိုး။ Soe Min Ag Tontay ။    ။ ရက် ၆၀ မပြည့်သေးတဲ့ ပြည်သူတင်တဲ့ အရပ်သားအစိုးရ ဟာ အသိဉာဏ်ခေါင်းပါးလှသော လူ ၂၀၀ လောက်အတွက် အချိန်ကုန်မခံဘဲ သန်း ၅၀ သော ပြည်သူတွေအတွက်ကိုသာ ကောင်းအောင် လုပ်နေမှပါ။ Kyaw KO KO ။    ။ အခုသပိတ်ကို ဖြိုးခွင်းဖမ်းစီးတာ ဘာလက်နက်နဲ့မှ အကြမ်းမဖက်ဖူးနော် ကြည့်ပြောကြ အဲ့ဒါ အစိုးရကွာတယ်ဗျ။ အစိုးရအသစ်က ပြည်သူတွေကို ဘယ်တော့မှအကြမ်းမဖက်ဘူး။ ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဗျာ...။ Naing Naing ။    ။ ခွေး--------မင်းတို့ ဆန္ဒပြတုန်းကတော့ အဲလို------- အသံမထွက်ကြဘူး။ Myat Myat ။    ။ မိဘတွေမှာ တာဝန်ရှိတယ်… ကိုယ့်သားသမီးကိုနိုင်အောင် မထိန်းနိုင်ရင်.. ရဲလက်အပ်...လူလိမ္မာဆို အဲလိုမလုပ်ဘူး… လူဆိုးတွေမလိမ္မာတဲ့သူတွေ ဖြစ်နိုင်တယ်။ Ko Winn။ ။  -----လုပ်---- ကိုင်မရှိတဲ့ ကောင်တွေ၊ တိုင်ပြည်တည်ဆောက်ရေးလုပ်နေချိန်မှာ ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ကောင်တွေ။ Myatya Tanar။ ။ အစိုးရသစ်ရဲ့ ပင်ပန်းလာသော လုပ်သားပြည်သူများကို အချုပ်ကားနဲ့ ဆီးကြိုပြုစုနေပါတယ်။ Myatya Tanar။ ။ ကို့လူတို့အားပေးတယ် ပြုံးပြုးလေးလိုက်သွား ကျန်သူဆက်ဆန္ဒပြပါ အကုန်ဖမ်းပါစေ။ အချစ်မလို မိုးလောက်ကြီးချစ်မဲ့သူ ချင်သူ - တကယ်လိုအပ်ချက်နဲ့ ခံစားချက်တွေရှိနေရင် ဆွေးနွေးဖို့ကမ်းလှမ်းတာကို လက်ခံသင့်တယ်လေ။ ခုဟာက သက်သက် ဆူပူအောင် အကြံနဲ့ လုပ်နေသလိုပဲ။နေပူလှန်းထားလိုက်ကွာ။ Aye Thumay။ ။ ကျားကိုကြောက်လို့ဆင်ကြီးခို ဆင်ကြီးကျားထက်ဆိုးနေပါလား ပြည်သူကိုဒီလိုပဲအစိုးရတိုင်ဆက်လုပ်နေမှာလား။ Soe Min Ag Tontay။ ။ သူတို့ကလည်း ဆင်တူဝတ်စုံတွေအလံတွေနဲ့ ဘယ်က ငွေနဲ့ ဝယ်ကြလဲ ဘယ်သူမြှောက်ပေးနေလဲ။ Myatya Tanar။ ။ တိုင်းပြည်ကို လုပ်ကျွေးနေသော လုပ်သားပြည်သူများကို အစိုးရသစ်ကြီးမှ လေးလေးစားစား ပြုစုနေပါတယ်။ Ko Awba။ ။ သပိတ်ခေါင်းဆောင် ခိုင်မင်း စက်ရုံတွေပတ်လုပ်ပြီး ဆန္ဒပြ လျော်ကြေးလှည့်တောင်းနေတာတဲ့။ Sian Pu။ ။ အကုန်ဂျေးထဲထည့်ကွာ အေးတာပဲ။ တကယ် အလုပ်လုပ်တဲ့ အလုပ်သမားက ဆန္ဒပြချိန်ရှိမှာမဟုတ်ဘူး။ Zaw Gyi။ ။နောက်ကျန်သေးတယ်၊ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်မည့်ကောင်တွေ တစ်ယောက်မှအပြင်မှာမထားနှင့်။ L Zaw Aung။ ။ အခွင့်အရေးတောင်းတယ်ဆိုတာ ကိုယ့်ဖက်ကလည်းထိုက်တန်အောင်လုပ်ပေးဖို့ လိုပါတယ်။ Mgmg Naing။ ။ လုပ်ချင်တာလုပ်ခွင့်ရတာဒီမိုကရေစီမဟုတ်ပါဘူး လုပ်ချင်တာလုပ်ချင်ရင်ထားတဲ့စံဟာသမာသမတ်ရှိရပါမယ် Kai Zar။ ။ အခက်အခဲပြေလည်အောင်ဖြေရှင်ပေစေလိုပါတယ်။ တခါလာပိတ်ဆို့အရေယူ ဒါဟာအဖြေမဟုတ်ပါ၊ တိတ်နေတဲ့အသံကိုလည်း နားထောင်ကြည့်စေချင်တယ် ဘာကြောင့်ပွင့်ထွက်လာသလဲ? Soe Wan Na။ ။ ရမယ့်အခွင့်အရေးတော့ မသိဘူး ထောင်ထဲသွားအိပ်အုံး နောက်က ပန့်ပိုးပေးနေတဲ့သူကို အမြန်ဆုံး ဖော်ထုတ်ပေးချင်ပါသည်။ Zawgyi Mg။ ။ အလုပ်ရှင်တွေကို အစိုးရကကြောက်နေတာလား။ အလုပ်သမား ထိခိုက်နစ်နာမှုတွေ အလုပ်သမားရပိုင်ခွင့်တွေ ဥပဒေအတိုင်း ပွင့်လင်းမြင်သာစွာချပြဖြေရှင်း လိုက်ပါဗျာ။ ကြာလာရင် တနိုင်ငံလုံးရှိ အလုပ်သမားသပိတ်မှောက်မှုတွေနဲ့ ပိုကြီးထွားလာ နိုင်ပါတယ်။ ဒီမိုကရေစီအစိုးရစစ်စစ်ဖြစ်ကြောင်း အလုပ်နဲ့သက်သေပြလိုက်ပါ။ လွမ်း နီမေ။ ။  ရဲတွေ ပြည်သူက ကျွေးတယ်ထမင်းကို စားပြီးပြည်သူလူထုကို ဒုက္ခပေးနေ။ Aye Thumay။  ။ ဒီမိုကရေစီနဲ့အညီဆန္ဒထုတ်ဖေါ်ခွင့်ကို ဘာဖြစ်လို့ဒီလိုလုပ်ရတာလေးနော် Lay Phyo။ ။ ဖမ်းပြီးတရားရုံးမတင်ပါနဲ့၊ စစ်ကိုင်းကိုပြန်ပို့လိုက်ပါ။ နောက်တခါ ထပ်လမ်းလျှောက်ရင် နောက်တခါထပ်ပို့ပါ၊ သူတို့ဘယ်နှစ်ခါလျှောက်နိုင်မလဲ။ Ma Ma ကိုယ့်နိုင်ငံသားချင်းကျရင် နှိပ်စက်ကြ အမျိုးယုတ့်တွေကျ ကာကွယ်ကြ၊ nld မဲထည့်မိတာမှားပြီ။ Lucid Mind။ ။ လိုချင်တဲ့အာဏာရနေပြီနော်...အဆင်ပြေအောင်တော့ ကြည့်လုပ်အုံး… လူတွေက ယုံကြည်ချက်တဖြည်းဖြည်းလျော့လာပြီ...... Phu Phuu။ ။ ဒီလိုအေးချမ်းစွာပြီးသွားရမှာလေ။ ပြည်သူပါတော့ ဘာမှ မတတ်နိုင်တော့ဘူးမလား။ MI Mi Khaing။ ။ အချိန်တခုတော့စောင့်သင့်ပါတယ်။ အဲ့လိုတွေလုပ်နေကြတော့ တိုင်းပြည်ရှေ့မရောက်နိုင်တော့ဘူးပေါ့။ Kyaw Kyaw။ ။ အောက်ခြေလုပ်သားတွေ အဆင်ပြေအောင် လုပ်ပေးလိုက်ကြပါ။ သူတို့ချမ်းသာဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ မိုင်းဆတ် သား။ ။ တိုင်းပြည်အမှိုက်တွေ..ဒီလိုစိတ်စိတ်ရှိရင် ဘယ်တော့တိုးတက်မှာလဲ။ May Myat Noe။ ။ မစာမနာ၊ ဒါပြောချင်တော့တယ်။ အားယားနေကြလားလားမသိဘူး၊ အဲလောက်ထိကြီးကို ဟူးးးးး စိတ်ညစ်တယ်။ Shwe Man Thar။ ။ ခုလိုမြင်ရတော့လည်း တကယ်ကိုစိတ်မကောင်းပါဘူး။ အသုံးမကျတဲ့ စစ်အာဏာရှင်အဆက်ဆက် ကျောင်းသား၊ အလုပ်သမား အခွင့်အရေးတွေကို ပိတ်ပင်ခဲ့တဲ့ အကျိုးတွေပါ၊ မင်းတို့ဆန္ဒတွေပြည့်မဲ့နေ့မဝေးတော့ပါဘူး။ ပိုင် ဖြိုး သူ။ ။ နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်မယ့်နည်းမရှိဘူးလားဗျာ....ပြည်သူလည်းမကောင်း၊ ပြည်သူရဲလည်းမကောင်းဖြစ်နေကြပြီလေ။ Khinmarcho Khinmarcho။ ။ အော်စိတ်မကောင်းလိုက်တာ ဘယ်ခေတ်ရောက်ရောက် အခွင့်ရေးတွေတောင်းနေမယ့်အစား ကိုယ်လုပ်မှကိုယ်စားရတာပါ။ Salai Vanhtar။ ။ ဒီမိုကရေစီ ဒါလား၊ လူ့အခွင့်အရေး ကျောင်းနွာတွေလို အကြမ်းဖက်နေလို့ဆိုထားပါ၊ ငြိမ်ချမ်းစွာချီတက်လာတယ်၊ အကြမ်းဖက်ဖြိုခွင်းစရာလား။ Chit Shwe။ ။ ငိုမနေကြနဲ့ နောက်ကမိသားစုကို မင်းတို့ငွေပေးခိုင်းတဲ့သူက စောင့်ရှောက်မှာပါ။ Naingmyo Oo။ ။ ဖမ်းနေတာမဟုတ်ပါဘူး။ ညင်သာစွာ ခွဲထုတ်ပေးပြီး။ စေ့စပ်ညှိနှိုင်းဖို့ပါ။ နေတအားပြင်းတော့ တစ်ချို့ ကျန်းမာရေးစိုးရိမ်ရတယ်လေ။ လက်ပံတောင်းနှင့် ယှဉ်ကြည့် ကိုင်တွယ်ပုံ အရမ်းကွာပါတယ်။ Alphone Nun Kui။ ။ ကြံ့ခိုင်ရေးဆိုရင်တော့ ရိုးရိုးလေးဖမ်းမှာမဟုတ်ဘူး။ ကောင်းကွဲမယ် အရိုးကြိုးသွားမယ်ဖြစ်မှာပဲ။ Mgmg Naing ။    ။ ဉာဏ်ရှိမှအုပ်ချုပ်လို့ရမယ့် နိုင်ငံမှာ ဘာမှမသိတဲ့လူတွေကို အုပ်ချုပ်ရတာ ဒီလောက်တော့ ပေးဆပ်ရမယ်။ ရှင်းပြလည်း နားမလည်မှတော့ ပြောချင်တာပြောပါစေ။ တရားဥပဒေစိုးမိုးဖို့က အရေးကြီးတယ်။ Yan Naing ။    ။ အလကားကောင်တွေ အခုမှတက်တဲ့ ပြည်သူ့အစိုးရကို အလုပ်ရှုပ်စေတယ် ဖမ်းတာဖမ်းချချ။ ဗိုလ်ကု ဗိုလ်ကု ။    ။ ကိုယ့်ပြဿ နာတောင် ကိုယ်မရှင်းနိုင်ဘဲ အစိုးရအပေါ်အကြပ်ကိုင် သိက္ခာကျအောင်လုပ်တာပါ။ Jophyu Jophyu ။    ။ ကံသာလျှင်အမိ ကံသာလျှင်အဖကိုပြုတဲ့ အကျိုးကိုယ်သာစံ ကိုယ်သာခံရ မည်။ အားလုံး ဘေးကင်းရန်ကွာ ရှိကြပါစေသော်။ Nay Thura ။    ။ အရင်တုန်းကနဲ့ မတူတော့ဘူးဆို သွားဆွေးနွေးတယ်ဆို ပြည့်သူ့ အစိုးရဆို။ Aungkyawkyaw Aungkyawkyaw ။    ။ ဆန္ဒပြသူတွေဝတ်ထားတဲ့ တူညီဝတ်စုံတွေက အသစ်တွေ နောက်က အားပေးအားမြှောက် အဖွဲ့တော့ရှိမယ်။ Zay Ya ။    ။ လူတခါအမြင်ကတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ကနေ ပြည်သူချစ်တဲ့ အမှန်တရား ရဲတပ်ဖွဲ့ဖြစ်အောင် လုပ်ဆောင်နေတာတွေ့ရတဲ့အတွက် ၀မ်းသားပါတယ်။ Zay Ya ။    ။ အမေစုတို့တတ်လာတာ ၂ လတောင် မပြည့်သေးတာကို သေချာတော့ မစောင့်ကြည့်ပဲ ဆူပူအောင်လုပ်တာကို။ Nan Myint Zaw ။    ။ မတားပါနဲ့  လွှတ်ထားပြီး စောင့်ကြည့်နေပါ။ Win Win အစိုးရကိုဆန္ဒပြနေတာထက် ဥပဒေအသစ်ပြဋ္ဌာန်းပြီး ပြင်သင့်တဲ့ ဥပဒေတွေ ပြင်ဆင်နိုင်အောင် အရင်ကူညီပေးသင့်ပါတယ်။ ဥပဒေပြဋ္ဌာန်းပြင်ဆင်ပြီးမှ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးလို့ အဆင်ပြေနိုင်မယ်ဆိုတာ နားလည်ဖို့လိုပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024