မီတာ ၁၀၀ တာတိုပြေး ကမ္ဘာ့စံချိန်တင်သည့် အသက် ၁၀၀ ပြည့်ဖွားဖွား (ရုပ်သံ)
အမေရိကန်နိုင်ငံသူ အယ်လာမယ်ကိုးလ်ဘတ် အမည်ရတဲ့ ဖွားဖွားဟာ အသက် ၁၀၀ ပြည့်ချိန်မှာ မီတာ ၁၀၀ တာတိုပြေးပွဲ အပြေးစံချိန်သစ် တင်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံ၊ တောင်ကာရိုလိုင်းနားပြည်နယ်၊ ချက်စနီး အလယ်တန်းကျောင်းမှာ ကျင်းပတဲ့ ဒီပြေးပွဲမှာ ဖွားဖွား ကိုးလ်ဘတ်ဟာ အချိန် ၄၆ ဒသမ ၇ စက္ကန့်နဲ့ စံချိန်ချိုးနိုင်ခဲ့တာပါ။
ဖွားဖွား ကိုးလ်ဘတ်ရဲ့အရင် စံချိန်တင်ထားနိုင်ခဲ့သူကတော့ ဖီလာဒဲလ်ဖီးယားပြည်နယ်မှ အဖွားအို အိုင်ဒါကီလင်းဖြစ်ပြီး သူ့ရဲ့ အသက် ၁၀၁ နှစ်ပြည့်မွေးနေ့မှာ အချိန် ၁ မိနစ်နဲ့ ၁၇ ဒသမ ၃၃ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်တင်ထားခဲ့တာပါ။
လက်ရှိမှာတော့ ဖွားဖွား ကိုးလ်ဘတ်ဟာ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်အဖွဲ့ဆီက သူ့ရဲ့အပြေးစံချိန်သစ် တင်ခဲ့မှုကို တရားဝင် အသိအမှတ်ပြုဖို့ စောင့်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။