ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း ဘန်ကောက်ရောက်
အင်္ဂလန် ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကို မေ ၁၈ ရက် မနက်ပိုင်းမှာ ရောက်ရှိလာပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းကို မန်နေဂျာ ရာနီရေးနီနဲ့ အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်တို့ ဦးဆောင်ရောက်ရှိလာပြီး သုဝဏ္ဏဘူမိ လေဆိပ်မှာ ထိုင်းပရိသတ်တွေ အမြောက်အမြား ကြိုဆိုကြတယ်လို့ လက်စတာအသင်း ၀က်ဘ်ဆိုဒ်မှာ ရေးသားထားပါတယ်။
ရာသီအကုန် တပတ်တာ အလှည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိလာတာလို့လည်း ဆိုပါတယ်။
၂၀၁၀ ခုနှစ်မှာ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ဗီချိုင်း သီဗတ်ဟန်နာပရာဗနဲ့ ဒုဥက္ကဋ္ဌ အီရာဝပ်၊ ကင်းပါဝါ အင်တာနေရှင်နယ်တို့က လက်စတာအသင်းကို ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီနောက် လက်စတာအသင်းဟာ နှစ်ပေါင်း ၁၃၂နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။