A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ မောင်းသူမဲ့လေယာဉ် ဒရုန်းတိုက်ဖျက်ရေး နည်းပညာသုံးမည်

ပြင်သစ်မှာကျင်းပမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ မောင်းသူမဲ့လေယာဉ် ဒရုန်း တိုက်ဖျက်ရေး နည်းပညာ သုံးမှာ ဖြစ်ပါတယ်။ ဒရုန်းတွေပေါ်ကနေတဆင့် ဓာတုနဲ့ ဇီဝလက်နက်တွေ လူအုပ်ပေါ် ကြဲချမယ့် အလားအလာရှိတဲ့ တိုက်ခိုက်မှုတွေ အတွက် ပြင်သစ်က သင်တန်းတွေ ပေးထားတယ်လို့ ဆိုပါတယ်။ ယူရိုပွဲကျင်းပမယ့် ကွင်း ၁၀ ခုနဲ့ လေ့ကျင့်ရေးကွင်းမှာ လေယာဉ်မပျံသန်းရေးဇုန် ကြေညာထားသလို ပွဲစဉ် ၅၁ ပွဲအတွက် ဒရုန်းတိုက်ဖျက်ရေး နည်းပညာသုံးသွားမယ်လို့ ပြင်သစ် တာဝန်ရှိသူတွေက ကြောညာပါတယ်။ ယူရို ၂၀၁၆ လုံခြုံရေး အကြီးအကဲကတော့ ချထားတဲ့ လုံခြုံရေး နည်းပညာက ဒရုန်းတွေကို ကြားဖြတ်ပြီး ထိန်းချုပ်လို့ရတယ်လို့ ပြောပါတယ်။ အရင်နှစ် နိုဝင်ဘာက လူ ၁၃၀ သေဆုံးခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှု နောက်ပိုင်း လုံခြုံရေးက ပိုမို တင်းကျပ်ထားပါတယ်။ ၂၀၁၆ ယူရိုပြိုင်ပွဲတွေကို ပြင်သစ်မှာ ဇွန် ၁၀ကနေ ဇူလိုင် ၁၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up