တောင်အာဖရိက ပါလီမန်အတွင်းက ရန်ပွဲ (ရုပ်သံ)

တောင်အာဖရိကနိုင်ငံ ပါလီမန်အတွင်းမှာ မေ ၁၇ ရက်က လွှတ်တော်အမတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက အတိုက်အခံတွေကို လွှတ်တော်ခန်းမထဲကနေ ဖယ်ရှားခဲ့ရပါတယ်။ စီးပွားရေး လွတ်လပ်မှု တိုက်ခိုက်ရေးသမား (အီးအက်ဖ်အက်ဖ်) ပါတီက အဖွဲ့ဝင် ၂၀ က သမ္မတဇူးမား စကားပြောတာကို တားဆီးဖို့ ကြိုးစားရာမှာ အရပ်ဝတ် အစောင့်တွေနဲ့ လုံးထွေးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကိုလည်း သူတို့က အော်ဟစ်ခဲ့ပါတယ်။ အနီရောင်ဝတ်တဲ့  အီးအက်ဖ်အက်ဖ် ပါတီဝင်တွေက လုံခြုံရေးတွေကို ပြန်လည် တွန်းထိုးခဲ့ပေမယ့် နောက်ဆုံးမှာ လွှတ်တော်အခန်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ တရားရုံးက အမှုကိစ္စ ၂ ခုကြောင့် အီးအက်ဖ်အက်ဖ်ပါတီဝင်တွေက ဇူးမားကို သမ္မတအဖြစ် အသိအမှတ်မပြုတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ ဗဟိုတရားရုံးက အခွန်ဆောင်တွေရဲ့ငွေ ပေါင် ၁၁ သန်းနဲ့ ကျေးလက်မှာ ဇူးမားက သူ့အတွက် အိမ်ဝယ်ယူခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်တာတွေ့ရှိခဲ့ပါတယ်။ ဒါအပြင် ဧပြီလက ၂၀၀၉ ခုနှစ် သမ္မတမဖြစ်မီ ဒေါ်လာဘီလီယံချီတဲ့ လက်နက်ရောင်းဝယ်မှု စာချုပ်နဲ့ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု ၈၀၀အတွက် ရင်ဆိုင်ရမယ်လို့ တရားရုံးတခုကလည်း ပြောဆိုခဲ့ပါတယ်။ လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ ဇူးမားက မထိုက်တန်ဘူးလို့ အီးအက်ဖ်အက်ဖ်က ယူဆထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up