ကစားသမား ၂ ဦး ၀ယ်ယူမည့် ၀က်စ်ဟမ်း ကမ်းလှမ်းမှု ဘုန်းမောက်ပယ်ချ

ကာလမ် ၀ီလ်ဆင်(၀ဲ) နှင့် မတ်ရစ်ချေး။ (ဓာတ်ပုံ - ဘီဘီစီ)
812
အင်္ဂလန်ပရီးမီးယားလိဂ် ၀က်စ်ဟမ်းအသင်းက ပေါင်သန်း ၂၀ နဲ့ ဘုန်းမောက်တိုက်စစ်မှူး ကာလမ် ၀ီလ်ဆင်နဲ့ အလယ်တန်း ကစားသမား မတ်ရစ်ချေးတို့ကို ၀ယ်ယူမယ့် ကမ်းလှမ်းမှုအပေါ် ဘုန်းမောက်က ပယ်ချလိုက်ပါတယ်။
မေ ၁၆ ရက် သတင်းတွေအရတော့ ၀က်စ်ဟမ်းက အဲဒီကစားသမား ၂ ဦးအတွက် ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းတယ်လို့ ထုတ်ပြန်ထားပါတယ်။
အသင်းကို ပိုမိုအားကောင်းအောင်လုပ်ဖို့ ဆန္ဒရှိတဲ့အတွက် ရောင်းချဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ဘုန်းမောက်မန်နေဂျာ အက်ဒီဟိုဝီက ပြောပါတယ်။
၇ပွဲမှာ ၅ ဂိုးသွင်းယူထားတဲ့ အသက် ၂၄ နှစ်အရွယ် ၀ီလ်ဆင်ကတော့ ဒူးဒဏ်ရာကနေ သက်သာလာကာ ဧပြီလကစတင်ပြီး ကစားသမားစာရင်းကို ပါဝင်လာပါတယ်။
ရစ်ချေးကတော့ စကော့တလန်အသင်း လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရပါတယ်။