ပန်ဒါဝက်ဝံလေးများ၏ ချစ်စရာ နေ့စဉ်ဘ၀ (ရုပ်သံ)
တရုတ်နိုင်ငံ၊ စီချွမ်ခရိုင်ထဲက ပန်ဒါဝက်ဝံကလေးတွေရဲ့ နေ့စဉ်ဘ၀ကို ရိုက်ကူးထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် အသုံးပြုသူ ထောင်ပေါင်းများစွာကို စိတ်ကြည်နူးစေခဲ့ပါတယ်။
ဝက်ဝံကလေးတွေဟာ သူတို့နေထိုင်ရာ ပန်ဒါအိမ်တွင်း အစာကျွေး သန့်ရှင်းရေး လုပ်ပေးနေတဲ့ ၀န်ထမ်းတဦးနဲ့အတူ ချစ်စဖွယ် ကလူကျီစယ်နေကြတာကို စီစီတီဗွီ သတင်းဌာနမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။
ဝက်ဝံကလေးတွေဟာ အမှိုက်ခြင်းတောင်းထဲကိုဝင်ပြီး တမင်တကာ လိုက်လံ နှောင့်ယှက်ပြီး ပျော်မြူးနေကြပုံဟာ သင့်ကိုလည်း ပျော်ရွှင်ကြည်နူးမှု ပေးနိုင်မှာ အမှန်ပါပဲ။