A d v e r t i s e m e n t With Us

သမ္မတ ဦးထင်ကျော် ရုရှားခရီးစဉ် စတင်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အာဆီယံ-ရုရှား နှစ် ၂၀ ပြည့် ထိပ်သီးစည်းဝေးပွဲတက်ဖို့ ရုရှားနိုင်ငံကို ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်က ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အခု ကျင်းပမယ့် အာဆီ-ရုရှားဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီးအစည်းအဝေးမှာ အာဆီယံနဲ့ ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုမြင့်တင်ဖို့ အပါအ၀င် အနာဂတ်ကာလမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးထင်ကျော်ရဲ့ အခုရုရှားခရီးဟာ သူ့သမ္မတ သက်တမ်းအတွင်း ဒုတိယမြောက် နိုင်ငံခြားခရီးဖြစ်ပြီး လာအိုနိုင်ငံ ချစ်ကြည်ရေးနေ့ချင်းပြန်ခရီးက ပထမဆုံး နိုင်ငံခြားခရီး ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up