A d v e r t i s e m e n t With Us

အင်ဒိုနီးရှားက စက်ရုပ်ဝတ်စုံ ရောင်းချသူ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ အရင် ၃ နှစ်ကစပြီး အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ၀ါယုဒီရေရန်တိုက စက်ရုပ်ဝတ်စုံကို ဒီဇိုင်းထွင်ပြီး ရောင်းချဖို့ ကြိုးစားနေပါတယ်။ ကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားတဲ့ ၀တ်စုံတွေကို ကိုယ်တိုင်ဝတ်ဆင်ပြီး ဂျကာတာက လမ်းမတွေပေါ်မှာ မော်တော်ဆိုင်ကယ်နဲ့ လှည့်လည် ရောင်းချခဲ့ပါတယ်။ ဒီအကြောင်းကို ဘီဘီစီ သတင်းဌာနက ဖြစ်ရပ်မှန် ရုပ်သံမှတ်တမ်းအဖြစ် ရိုက်ကူးတင်ဆက်ထားပါတယ်။ အရင်က ဒီလိုဝတ်ဆင်ပြီး ရောင်းချရမယ်လို့ မတွေးခဲ့ဘူးပေမယ့် မိသားစုကို ထောက်ပံ့ဖို့အတွက် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ၀ါယုဒီရေရန်တိုက ပြောပါတယ်။ ဒါဟာ စွန့်စားမှုတခု ဖြစ်သလို အလုပ်ဖြစ်မဖြစ်ကိုလည်း မသိဘူးလို့ ဆိုပါတယ်။ ၃ လလောက် လှည့်လည်ရောင်းချခဲ့ပေမယ့် ၀တ်စုံတစုံမှ ရောင်းမထွက်ဘူးလို့လည်း သူက ပြောပါတယ်။ မိသားစုကို ၁ ဒေါ်လာတောင် မထောက်ပံ့နိုင်တဲ့အတွက် လင်ယောက်ျားကောင်း၊ ဖခင်ကောင်းတယောက်လို့ မခံစားရတဲ့အကြောင်းနဲ့ ရှက်ရွံ့မိတယ်လို့လည်း ၀ါယုဒီရေရန်တိုက မျက်ရည်လည်ရွှဲနဲ့ ပြောပါတယ်။ မိသားစုကို ဦးဆောင်တဲ့သူအနေနဲ့ သူတို့ကို ထောက်ပံ့နိုင်ဖို့က အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။ လူတွေက မစ္စတာ ရိုဘော့လို့ ခေါ်လိုက်တိုင်း ၀တ်စုံနောက်ကွယ်မှာ ငိုကြွေးနေရတယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်နေနေ မိသားစုအတွက်တွေးပြီး ၀တ်စုံကို လိုက်ရောင်းရမယ်လို့လည်း ၀ါယုဒီရေရန်တိုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up