ကယန်းအလှရုပ်ရှင်ကား ၂၀၁၆ အာဆီယံရုပ်ရှင်ပွဲတော်တွင် ပြသ

661
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ အာဆီယံ ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးထားတဲ့ ကယန်းအလှ ရုပ်ရှင်ကားလည်း ပြသပါတယ်။
အာဆီယံ ရုပ်ရှင်ပွဲတော်ကို ဧပြီ ၂၁ ရက်နေ့ကစပြီး မေ ၁၉ ရက်နေ့အထိ ကျင်းပနေတာပါ။
အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ စတဲ့ အာဆီယံ ၁၀ နိုင်ငံတွေကနေ ရွေးချယ်ထားတဲ့ ရုပ်ရှင် ၁၀ ကား အခမဲ့ ပြသ တာဖြစ်ပါတယ်။
ကယန်းအလှ ရုပ်ရှင်ကားပြတဲ့ မေ ၁၆ ရက်နေ့မှာတော့ လာရောက်ကြည့်ရှုသူတွေ များပြားခဲ့ပါတယ်။
ဘန်ကောက် အာဆီယံ ရုပ်ရုင်ပွဲတော်ကျင်းပရတာဟာ မတူကွဲပြားနေတဲ့ အာဆီယံ ယဉ်ကျေးမှု တွေကြားကနေ စည်းလုံးခြင်းကိုပြသဖို့နဲ့ အာရှနဲ့ ကမ္ဘာ့အလယ်မှာ အာဆီယံ ရုပ်ရှင်ထ ထုတ်လုပ်ရေး မြင့်မားဖို့ရည်ရွယ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ က စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဒုတိယ အကြိမ် ကျင်းပနေတာဖြစ်ပါတယ်။ ဒီပွဲကို ထိုင်းနိုင်ငံရုပ်ရှင် အစည်းအရုံးက ဦးစီးကျင်းပတာ ဖြစ်ပါတယ်။