တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန် ပထမဆုံး ပူးတွဲဒုံးခွင်းဒုံး စစ်ရေးလေ့ကျင့်မည်

850
တောင်ကိုရီးယား၊ ဂျပန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ပထမဆုံးအကြိမ် ပူးတွဲ ဒုံးခွင်းဒုံး လေ့ကျင့်မှုကို လာမယ့်ဇွန်လအတွင်း ဟာဝိုင်အီမှာ ပြုလုပ်ကြမယ်လို့ အိုင်အေအန်အက်စ် သတင်းက ဖော်ပြပါတယ်။
ဒါဟာ မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံကျည်နဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေ တိုးမြှင့်လာတဲ့အပေါ် တန်ပြန်ဖို့ ပြင်ဆင်ချက်ဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုဟာ ထောက်လှမ်းရေးအဆက်သွယ်တွေနဲ့ သတင်းအချက်အလက်လှယ်မှုတွေ အပေါ် အာရုံစိုက်ဆောင်ရွက်မှာဖြစ်သလို မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်ပစ်လွှတ်မှု အလားအလာကို ခြေရာခံနိုဖို့ ရည်ရွယ်ပါတယ်။ လေ့ကျင့်မယ့်ရက် အတိအကျကိုတော့ မကြေညာသေးပါဘူး။
နောက်တကြိမ် ဒုံးခွင်းဒုံးစမ်းသပ်မှုတွေကိုတော့ ပစိဖိတ်ရပ်ဝန်းဒေသမှာကျင်းပမယ့် ကမ္ဘာ့ အကြီးမားဆုံး ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ စမ်းသပ်မှာဖြစ်ပါတယ်။