ဆိုင်ကယ်ဦးထုပ်ကမ်ပိန်း ဒလမြို့နယ်တွင် ပြုလုပ် (ဓာတ်ပုံ)
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှာ ဆိုင်ကယ်ဦးထုပ်ကမ်ပိန်းကို ဒီနေ့ မေလ ၁၇ ရက်နေ့ မနက်က ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပါတယ်။
ဒီကမ်းပိန်းကို ဒလမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ S.O.N Dala ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး ဒေသတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်းလိုက်နာရေးတို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကမ်းပိန်းမှာ ဆိုင်ကယ်ဦးထုပ်မပါတဲ့ ဆိုင်ကယ်စီးနင်းသူတွေကို ဒလမြို့လယ် နာရီစင်ကနေ ဆီးတားပြီး ဆိုင်ကယ်ဦးထုပ်တွေဝေငှခဲ့တာဖြစ်ပြီးတော့ ဒီနေ့ ကမ်ပိန်းအတွက် ဆိုင်ကယ်ဦးထုပ် အလုံး ၁၀၀ ဝေငှခဲ့ပါတယ်။