တနှစ်တာ အကောင်းဆုံး နည်းပြဆု လက်စတာနည်းပြရ

အင်္ဂလန် ပရီးမီးယားလိဂ်က လက်စတာအသင်းနည်းပြ ကလော်ဒီယို ရာနီရေးနီကို တနှစ်တာ အကောင်းဆုံး နည်းပြအဖြစ် လိဂ်မန်နေဂျာအဖွဲ့က ပေးအပ်လိုက်ပါတယ်။ လက်စတာအသင်းနဲ့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တဲ့အတွက် အသက် ၆၄ နှစ်ရှိ ရာနီရေးနီကို ဂုဏ်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီဆုဟာ ဗြိတိန်နိုင်ငံသားမဟုတ်တဲ့ နည်းပြတဦးအနေနဲ့ ဒုတိယအကြိမ် ရရှိတာလည်း ဖြစ်ပါတယ်။ ၂၀၀၂ နဲ့ ၂၀၀၄ ခုနှစ်မှာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဒီဆုကို ၂ ကြိမ် ရရှိခဲ့ဖူးပါတယ်။ ရာနီရေးနီနဲ့အတူ အင်္ဂလန်ချန်ပီယံရှစ်က ဘရိုက်တန်အသင်း မန်နေဂျာ ခရစ္စ ဟူတန်ကိုလည်း ဒီဆုကို ချီးမြှင့်လိုက်ပါတယ်။ ဒါ့အပြင် အင်္ဂလန် ပထမတန်း ၀ီဂန်အသင်းက ဂယ်ရီကလပ်ဝဲလ်နဲ့ ဒုတိယတန်း နော့သင်တန်က ခရစ္စ၀ိုင်းဒါးတို့လည်း အသီးသီး ရရှိသွားပါတယ်။

//
More News
Up