Monday, June 5, 2023
HomeLead Storyဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်သည့် တရုတ်ရဲအရာရှိ (ရုပ်သံ)

ဂင်းနစ် ကမ္ဘာ့မှတ်တမ်းဝင်သည့် တရုတ်ရဲအရာရှိ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်မှာ မေလ ၁၅ ရက်နေ့က လက်ထောက်မှောက်လျက် အနေအထား ကမ္ဘာ့အဆင့် အချိန်အကြာဆုံး ယှဉ်ပြိုင်မှုမှာ တရုတ်ရဲအရာရှိတဦးက ကမ္ဘာ့စံချိန်သစ် ထပ်တင်လိုက်ပြီး ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ၀င်သွားပါတယ်။

တရုတ်ရဲအရာရှိ မော် (Mao) က ၈ နာရီ ၁ မိနစ်နဲ့ သူ့ရဲ့ အရင်စံချိန်ဖြစ်တဲ့ ၄ နာရီ ၂၆ မိနစ်ကို ချိုးပြီး စံချိန်သစ်တင်လိုက်ပါ။

နောက်ဆုံးအဆင့်မှာ အမေရိကန်နိုင်ငံသား ဂျော့ဟုဒ် (George Hood) နဲ့ ၂ ဦးတည်း ယှဉ်ပြိုင်ခဲ့ကြပြီး ဟုဒ်ကတော့ ၇ နာရီ မိနစ် ၄၀ မှာ အရှုံးပေးလိုက်တာပါ။

မော်ကတော့ ဆက်နေခဲ့ပြီး ၈ နာရီကျော်မှာ ရပ်လိုက်တာပါ။

ဂျော့ဟုဒ်က မော်အတွက် အထူးဂုဏ်ယူပြီး သူအတော်ဆုံးပါပဲလို့ ပွဲအပြီး ချီးကျူးပြောဆိုပါတယ်။

မော်က လာမယ့်ပွဲတွေမှာလည်း ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုအတွက် ပါဝင်ယှဉ်ပြိုင်သူ များလာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

တရုတ်ရဲအရာရှိ မော် ၂၀၁၄ ခုနှစ်ကစပြီး ၀င်ရောက်မယှဉ်ပြိုင်ခင်အထိ ဟုဒ်က ၄ နာရီ ၁ မိနစ်နဲ့ ကမ္ဘာ့စံချိန်သစ် တင်ခဲ့သူ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular