A d v e r t i s e m e n t With Us

စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာအသင်း လှည့်လည်အောင်ပွဲခံ

ဓာတ်ပုံ - ရိုက်တာ
စပိန် လာလီဂါဖလားကို ၂၄ ကြိမ်မြောက် ရရှိသွားတဲ့ ဘာစီလိုနာအသင်းနဲ့ ပရိသတ်တွေဟာ ဘာစီလိုနာမြို့မှာ ချန်ပီယံဖလားကို လှည့်လည် အောင်ပွဲခံကြပါတယ်။ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ နောက်ဆုံးပွဲစဉ်မှာ လူးဝစ်ဆွာရက်စ်ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ ဘာစီလိုနာအသင်းက ဂရန်ဒါအသင်းကို အနိုင်ယူပြီး ဖလားရရှိသွားတာပါ။ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်စ်ဟာ စပိန်လာလီဂါမှာ ၃၅ ပွဲ ကစားပြီး ဂိုးပေါင်း ၄၀ သွင်းပေးခဲ့ပါတယ်။ စပိန်လာလီဂါ ပွဲစဉ်အားလုံး ပြီးဆုံးချိန်မှာ ဘာစီလိုနာက ၉၁ မှတ်နဲ့ ဖလားရယူနိုင်ခဲ့ပြီး ရီးရဲလ်က အမှတ် ၉၀၊ အက်သလက်သီကိုက ၈၈ မှတ်၊ ဗီလာရီးရဲလ်က ၆၄ မှတ်နဲ့ အဆင့်အသီးသီးမှာ ရပ်တည်ခဲ့ကြပါတယ်။ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ တခြား ပြည်တွင်းဖလားတခုဖြစ်တဲ့ Copa del Rey နောက်ဆုံးဗိုလ်လုပွဲကို ဆီဗီလာအသင်းနဲ့ လာမယ့် မေ ၂၂ ရက်နေ့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ စပိန်လာလီဂါဖလားကို စွန့်လွှတ်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ချန်ပီယံလိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲကို အက်သလက်တီကိုအသင်းနဲ့ လာမယ့် မေ ၂၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up