A d v e r t i s e m e n t With Us

ခရီးသွားများထံမှ ငွေလိမ်ယူနေသည့် မျောက်မင်းစွန်းဝူခုန်းအဖွဲ့ကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေမှာ နာမည်ကျော် မျောက်မင်းစွန်းဝူခုန်း ဇာတ်လမ်းတွဲထဲကအတိုင်း ၀တ်ဆင်ပြီး ဖျော်ဖြေကာ ကမ္ဘာလှည့်ခရီးသည်တွေဆီက ငွေလိမ်ယူနေတဲ့ တရုတ်နိုင်ငံသား ၅ ဦးပါအဖွဲ့ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ပတ္တယားကမ်းခြေတောင်ပိုင်း၊ ဘာလီဟိုင်းပီယာအရပ်မှာ တန်ခိုးရှင် မျောက်မင်းပုံစံ ၀တ်စုံတွေ ၀တ်ဆင်ကပြပြီး အနီးနားက လာရောက်ကြည့်ရှုသူ ကမ္ဘာလှည့်ခရီးသည်တွေဆီက ဘတ်ငွေ ၁၀၀ စီ တောင်းယူခဲ့ကြတာပါ။ ပတ္တယားကမ်းခြေ အထူးရဲအဖွဲ့မှ တာဝန်ကျရဲအရာရှိ သွန်ချိုင်ကာ့ဒ်ဆနောင်က ဒေသခံတွေရဲ့ သတင်းပေးမှုကြောင့် သွားရောက်ဖမ်းဆီးခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ တာဝန်ကျရဲအဖွဲ့က အဲဒီနေရာကို ရောက်သွားတဲ့ အချိန်မှာတော့ သူတို့ဟာ ထွက်ပြေးခဲ့ကြပြီး အသက် ၃၈ နှစ်အရွယ် ချန်နီနဲ့ ၁၉ နှစ်အရွယ် ရှီယက်ဒ်ရှာဒီလ်တို့ကိုသာ ဖမ်းမိခဲ့တာပါ။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့အနေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ပူးပေါင်းပြီး အရေးယူသွားဖို့ လုပ်နေတယ်လို့ ပတ္တယားဝမ်းသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up